DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ၊  မုန်တိုင်းဖြစ်နိုင်ခြေများ 
DVB
·
April 8, 2025
ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ၊  မုန်တိုင်းဖြစ်နိုင်ခြေများ 
Donate to DVB

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဆက်ရှိနေပြီး  တနင်္သာရီတိုင်းမှာ  မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေကာ မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ 

ဧပြီ ၈ ရက်  မွန်းတည့် ၁၂  နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေကာ မြောက်ယွန်းယွန်းသို့ ရွေ့လျားပြီး ဧပြီ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (လတ်တလောအမည် 92B) ဟာ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ အရှေ့ဘက် ၃၄၅ မိုင်ခန့်၊ မြန်မာနိုင်ငံစစ်တွေမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၆၇၀ ခန့်နဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့တောင်-အနောက်ဘက် မိုင် ၆၅၀ ခန့်အကွာကို ဗဟိုပြုနေပြီး  မြောက်ဘက် (ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားနေတယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ မုန်တိုင်းဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိကြောင်း ECMWF Cyclone Genesis chart က ကြိုတင်ခန့်မှန်းထားတယ်လို့လည်းဆိုပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဧပြီ ၉ ရက်ကစပြီး ၁၄-၁၅ ရက်အတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့ဒေသတွေမှာ နေရာစိပ်စိပ်နဲ့ နေရာကွက်ကြား မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်လို့ခန့်မှန်းထားပါတယ်။

မိုးဇလဌာနကတော့ ကပ္ပလီပင်လယ်ပြင်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေတယ်လို့ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ  မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေကာ အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက် မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး  ရွာရန်ရာနှုန်း ၈ဝ လို့ ခန့်မှန်းပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ  ၄ ပေမှ ၈ ပေခန့် ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013