DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် မြန်မာက ထူးချွန်ကျောင်းသားများကို ကိုရီးယားတက္ကသိုလ်က ပညာသင်ဆုပေး
DVB
·
April 8, 2025
ငလျင်ဒဏ်သင့် မြန်မာက ထူးချွန်ကျောင်းသားများကို ကိုရီးယားတက္ကသိုလ်က ပညာသင်ဆုပေး
Donate to DVB

တောင်ကိုရီးယားနိုင်ငံ ဟန်ဆောင်းတက္ကသိုလ် (Hansung University) က  မြန်မာ့ငလျင်ဒဏ်သင့် ဒေသတွေက ကျောင်းသားတွေကို ပညာသင်ဆုပေးမယ်လို့ ကမ်းလှမ်းလိုက်ကြောင်း ကိုရီးယားသတင်း  Korea JoongAng Daily က ဖော်ပြပါတယ်၊

မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်သင့်ဒေသတွေက ပညာထူးချွန်ကျောင်းသားတွေ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားတဲ့ ထူးချွန်ကျောင်းသားတွေနဲ့ ငလျင်ကြောင့် ဘဝရပ်တည်ရေး ခက်ခဲသွားတဲ့ ထူးချွန်ကျောင်းသားတွေကို ပညာသင်ဆုပေးမှာ ဖြစ်ပါတယ်။

မြန်မာ့အရေးမှာ အမြဲတမ်းကူညီပေးနေတဲ့ ကိုရီးယားနိုင်ငံက အခုလို ငလျင်မှာ ထိခိုက်နစ်နာသူတွေကို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ကိုရီးယားနိုင်ငံက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“အခုလို ငလျင်ဘေးမှာ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါ၀င်ကူညီပေးတဲ့အတွက် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ဟန်ဆောင်းတက္ကသိုလ်ကျောင်း တာ၀န်ရှိသူတွေကို အရမ်းကိုပဲ ကျေးဇူးတင်ပြီးတော့ အားလုံးအနေနဲ့ ၀မ်းမြောက်၀မ်းသာနဲ့ ကြိုဆိုကြရမယ့် ကိစ္စဖြစ်တာပေါ့။ ငလျင်ဘေးအပါအ၀င် ဒီမိုကရေစီအရေးတွေမှာပါ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တောင်ကိုရီးယား နိုင်ငံကနေ ကူညီထောက်ခံအားပေးမှုတွေကို မြန်မာပြည်သူတွေက အစဥ်အမြဲ သတိရအောက်မေ့နေကြမှာပါဆို တာပဲ ပြောချင်ပါတယ်ဗျ။”

ကျောင်းသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ပညာ ဆက်လက်သင်ကြားဖို့ အခက်အခဲရှိနေတာ မှန်ကန်ကြောင်းနဲ့ ဆုံးရှုံးမှုကြုံခဲ့ရတဲ့ မိသားစုဝင် မှန်ကန်ကြောင်း စတဲ့ အထောက်အထားကို တင်သွင်းရမှာဖြစ်ပြီး တင်ပြလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး တက္ကသိုလ်ဘက်က ပညာသင်ဆု ပေးအပ်သင့်၊ မသင့်ကို အကဲဖြတ်ကာ ဆုံးဖြတ်ချက်ချမှတ်ပေးသွားမယ်လို့ သိရပါတယ်။

အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေက ဧပြီ ၁၀ ရက်ကနေ မေ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ တက္ကသိုလ်ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဟန်ဆောင်းတက္ကသိုလ် (Hansung University) က အသိပေးထားပါတယ်။

ဟန်ဆောင်းတက္ကသိုလ် (Hansung University)  ကိုရီးယားနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် အဆင်မပြေဖြစ်သွားခဲ့ရတဲ့ ပညာထူးချွန်ကျောင်းသားတွေနဲ့ မြန်မာ့ငလျင်ဘေးကြောင့် ပညာဆက်လက် သင်ကြားဖို့ အခက်ကြုံသွားရတဲ့ ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013