DVB Logo
Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့်ဒေသများတွင် ကူးစက်ရောဂါဖြစ်ပွားနိုင်ဟု သတိပေး
DVB
·
April 7, 2025
မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့်ဒေသများတွင် ကူးစက်ရောဂါဖြစ်ပွားနိုင်ဟု သတိပေး
Donate to DVB

မြန်မာနိုင်ငံရဲ့ ငလျင်ဒဏ်သင့် ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို အခက်အခဲဖြစ်စေနိုင်ပြီး ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေ မြင့်တက်လာတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးပါတယ်။

ဒီသီတင်းပတ်အကုန်မှာ အချိန်အခါမဟုတ် ရွာသွန်းခဲ့တဲ့မိုးနဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ကာလဝမ်းရောဂါလိုမျိုး ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက် နေအိမ်ပြင်ပ လမ်းတွေပေါ်မှာ စခန်းချနေထိုင်နေတဲ့ ဒေသခံတွေအတွက် ယာယီတဲတွေ ပိုပြီးလိုအပ်နေကြောင်း ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲဖြစ်သူ တော်မ် ဖလတ်ချာက ပြောထားပါတယ်။

“အပျက်အစီးပုံအောက်က ချစ်ခင်ရသူတွေရဲ့အလောင်းကို ဆွဲထုတ်နေရချိန်အတွင်း ပျက်စီးသွားတဲ့ နေအိမ်အနီးမှာ မိသားစုလိုက် အိပ်နေရတာပါ။ နောက်ထပ် ငလျင်တွေ ထပ်လာမှာလည်း တကယ်စိုးရိမ်နေကြတယ်” လို့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ ရုရှား အပါအဝင် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေက ကယ်ဆယ်ရေးပစ္စည်းနဲ့ အဖွဲ့တွေ စေလွှတ်ခဲ့ပြီးနောက် ငလျင်ကြောင့် ပိတ်မိနေသူ ၄၉၈ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

DVB ရဲ့ ဧပြီ ၇ ရက်အထိ  ရရှိထားတဲ့ နောက်ဆုံးအချက်အလက်တွေအရ ငလျင်ကြောင့် သေဆုံးသူ ၄,၃၂၅ ယောက် ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၆,၅၈၈ ယောက်နဲ့ နောက်ထပ် ၄၄၈ ယောက် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား ကယ်ဆယ်ရေးအဖွဲ့တချို့ကတော့ မြန်မာနိုင်ငံကို ပြန်လည်စွန့်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီလိုမျိုး ကပ်ဘေးကြုံရချိန်မှာ ထိပ်တန်းအလှူရှင်နိုင်ငံတခု ဖြစ်ခဲ့ပေမဲ့လည်း အခုတခေါက်မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက “ကျနော်တို့ဟာ တကမ္ဘာလုံးရဲ့ အစိုးရ မဟုတ်ပါဘူး” လို့ ဝေဖန်ပြောဆိုမှုတွေကို တုံ့ပြန်ထားပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာ့ငလျင်ဘေးအတွက် ဒေါ်လာ ၉ သန်းသာ ထည့်ဝင်ကူညီဖို့ ကတိပြုခဲ့တာကြောင့် ဖြစ်သလို ပြည်တွင်းမှာ ရောက်နေတဲ့ USAID က ကျွမ်းကျင်သူ ၃ ယောက်ကို အလုပ်ထုတ်ပယ်ဖို့ရှိကြောင်း အကြောင်းကြားခဲ့တဲ့အချက်လည်း ပါဝင်ပါတယ်။

လောလောဆယ် အပစ်အခတ် ရပ်စဲထားပေမဲ့ မတ် ၃ ရက်နဲ့ ၄ ရက်နေ့အတွင်း ကရင်နီနဲ့ ရှမ်းပြည်နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီသတင်းကို အတည်ပြုပေးခဲ့တဲ့ Free Burma Rangers အဖွဲ့တည်ထောင်သူ ဒေးဗစ် ယူဘန့်ခ် ကတော့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အနည်းဆုံး ၇ ကြိမ်အထိ ရှိတဲ့အပြင် သေဆုံးသူတွေထဲမှာ အရပ်သားတွေပါ ပါဝင်တဲ့အကြောင်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013