DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် သတင်းထောက်များနေသည့် တဲကို အစ္စရေး ဗုံးကြဲ၊ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
DVB
·
April 7, 2025
ဂါဇာတွင် သတင်းထောက်များနေသည့် တဲကို အစ္စရေး ဗုံးကြဲ၊ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
Donate to DVB

ဂါဇာကမ်းမြောင်ဒေသ ခန်းယူးနစ်မြို့မှာရှိတဲ့ နတ်ဆားဆေးရုံနားက သတင်းထောက်တွေ နေထိုင်ရာ တဲတလုံးကို အစ္စရေးက တိုက်ခိုက်အပြီး တိုက်ခိုက်ခံနေရာကို ပါလက်စတိုင်းသားတွေက ဧပြီ ၆ ရက်မှာ စစ်ဆေးနေပါတယ်။

အပျက်အစီးတွေအောက်မှာ သေဆုံး ဒဏ်ရာရသူတွေရဲ့ ပစ္စည်းတွေကို ပါလက်စတိုင်းတွေက ရှာနေပါတယ်။

လေကြောင်းကနေ ပစ်ခတ်လို့ ၂ ယောက်ထက်မနည်း သေဆုံးပြီး တခြား ၇ ယောက် ဒဏ်ရာရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသမှာ မတ် ၁၈ ရက်ကစပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့တာပါ။

အစ္စရေးဓားစာခံ ၃၈ ယောက်ကို ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်အပြီး ၂ လကြာ အပစ်အခတ်ရပ်စဲအပြီး တပ်ဖွဲ့ဝင်တွေကို ပြန်စေလွှတ်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ကြောင့် လူ ၅၀ ကျော် သေဆုံးအပြီး ဒီယာအယ်လ် ဘာလာ မြို့လယ်က ရပ်ကွက် ၅ ခုကနေ ဒေသခံတွေ ထွက်ပြေးဖို့ အမိန့်ပေးခဲ့ပြီးတဲ့နောက် အခုလို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အစ္စရေးတပ်တွေက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်းသား-အမေရိကန် နိုင်ငံသား ကလေးငယ်တယောက် ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လက်ဘနွန် တောင်ပိုင်းမှာလည်း တခြား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ စစ်ပွဲအတွင်း ပါလက်စတိုင်း ၅၀,၆၉၅ ယောက်ထက်မနည်း သေဆုံးပြီး ၁၁၅,၃၃၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ပြီလို့ ယူဆထားတဲ့အကြောင်း အစိုးရမီဒီယာရုံးက သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ခန့်မှန်းတဲ့အကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အီဂျစ်နဲ့ ကာတာတို့ ကြားဝင်စေ့စပ်ညှိနှိုင်းတာတွေ ပြန်စဖို့ ကြိုးပမ်းနေတာတွေလည်း ရပ်တန့်သွားခဲ့ပါတယ်။

“လောလောဆယ် အဆက်အသွယ် မရှိသေးပါဘူး” လို့ ဖျန်ဖြေရေး ကြိုးပမ်းမှုနဲ့ နီးစပ်သူ ပါလက်စတိုင်း အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း ဂါဇာမှာ လူပေါင်း ၂၈၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)  က ပြောဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013