DVB Logo
Home
နိုင်ငံတကာ
ဝက်သက်ရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးမိဘများနှင့် အမေရိကန်ကျန်းမာရေးဝန်ကြီး တွေ့ဆုံ
DVB
·
April 7, 2025
ဝက်သက်ရောဂါဖြင့် သေဆုံးခဲ့သည့် ကလေးမိဘများနှင့် အမေရိကန်ကျန်းမာရေးဝန်ကြီး တွေ့ဆုံ
Donate to DVB

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ်ကနေဒီဂျူနီယာဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း တက္ကဆက်ပြည်နယ်မှာ ကူးစက်ရောဂါဖြစ်တဲ့ ဝက်သက်ရောဂါနဲ့ သေဆုံးခဲ့တဲ့ ၈ နှစ်အရွယ် မိန်းကလေးရဲ့ မိဘတွေနဲ့ ဧပြီ ၆ ရက်က တွေ့ဆုံခဲ့တယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ လူသားဝန်ဆောင်မှုဌာန အတွင်းရေးမှူးက သူ့ရဲ့ လူမှုကွန်ရက်မီဒီယာ X မှာ ရေးသားထားပါတယ်။

၂၀၂၄ ခုနှစ်တုန်းက ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါ ၃ မျိုး ကာကွယ်ဆေး MMR နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောဖူးတဲ့ ကာကွယ်ဆေးတွေကို အယုံအကြည်ကင်းမဲ့သူ ကနေဒီက “ဝက်သက် ပျံ့နှံ့မှုကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းဟာ MMR ကာကွယ်ဆေး ဖြစ်တယ်” လို့ လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

ကာကွယ်ဆေးမထိုးရသေးတဲ့ ကျောင်းနေအရွယ် ကလေးငယ်ဟာ ဝက်သက်နဲ့ပတ်သက်တဲ့ အဆုတ်ချို့ယွင်းမှုကြောင့် ဧပြီ ၃ ရက်က ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ တက္ကဆက်ပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာနက ပြောပါတယ်။

ဝက်သက်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး တက္ကဆက်ပြည်နယ်မှာ ကလေးတယောက် ဒုတိယမြောက် သေဆုံးမှုလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုတခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတချို့မှာ လေ့လာချက်အရ ဗီတာမင်အေ သုံးပြီး ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုကို လျှော့ချနိုင်ပေမဲ့ အသည်းအဆိပ်သင့်နိုင်တယ်၊ အာဟာရကောင်းဖို့က အရေးကြီးတယ်လို့ ကနေဒီ ဂျူနီယာက ပြောပါတယ်။

တနင်္ဂနွေနေ့အထိ ပြည်နယ် ၂၂ ခုမှာ ဝက်သက်ရောဂါ အတည်ပြုလူနာ ၆၄၂ ယောက်ရှိပြီး တက္ကဆက်ပြည်နယ်မှာ ၄၉၉ ယောက်ရှိတယ်လို့ ကနေဒီ ဂျူနီယာရဲ့  X လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားမှုရဲ့ ၉၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး မထိုးရသေးသူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးတဲ့ အခြေအနေကို မသိရသေးသူတွေ ဖြစ်တယ်လို့ CDC တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ကာကွယ်ဆေးတွေဟာ အော်တစ်ဇင်ရောဂါနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စကား အပါအဝင် ဆေးဘက်ဆိုင်ရာ မှားယွင်းတိုင်ကြားမှုတွေ လုပ်ဖူးလို့ ကနေဒီ ဂျူနီယာဟာ ဝေဖန်ခံခဲ့ရဖူးပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ချမှတ်ထားတဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုဆိုင်ရာ ကန့်သတ်ချက်တွေကို ဆန့်ကျင်ပြီး ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေသူလို့လည်း စွပ်စွဲခံခဲ့ရဖူးပါတယ်။

သူဟာ ကာကွယ်ဆေးဆန့်ကျင်ရေး စာတန်းကို ငြင်းဆိုခဲ့ပြီး အဲဒီအစား ကာကွယ်ဆေးတွေကို ပိုမိုတင်းတင်းကျပ်ကျပ် စမ်းသပ်ချင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကာကွယ်ဆေး ဆန့်ကျင်ရေး မက်ဆေ့ချ်ကို အဓိကထား လုပ်ဆောင်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Children's Health Defense အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013