
ဒီဘရိုင်းလို ကမ္ဘာ့အဆင့်ကစားသမားနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အပေါ် ပျော်ရွှင်မိကြောင်း မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။
ဒီဘရိုင်းဟာ အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွာတော့မယ့်အပေါ် ဖာနန်ဒက်စ်က နှုတ်ဆက်စကားဆိုရင်း ချီးကျူးခဲ့တာပါ။
ဒီဘရိုင်းဟာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ကို ပိုကောင်းစေခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ယူအသင်း ဆုဖလားတွေနဲ့ ဝေးကွာခဲ့ရတာဟာ ဒီဘရိုင်းကြောင့်ဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။
ဒီဘရိုင်းက ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ဒီဘရိုင်းကို နီးကပ်စွာ စောင့်ကြည့်ခဲ့ရတာနဲ့ ယှဉ်ပြိုင်ခဲ့ရတာတွေအပေါ် ဝမ်းမြောက်ပျော်ရွှင်မိကြောင်း၊ ဒီဘရိုင်းဟာ မန်စီးတီးအတွက်သာ မဟုတ်ဘဲ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာပဲ ကျန်ရစ်မယ့် ကစားသမားဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။