DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ကို ပြန်ရောက်လာသည့် ထိုင်းမယ်ကမ္ဘာအလှမယ် ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့်ကို ကြိုဆို 
မောရစ်
·
May 22, 2026
Photo: DVB
Photo: DVB
Donate to DVB

ပြီးခဲ့တဲ့ မေ ၁၀ ရက် ညက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် ထိုင်းမယ်ကမ္ဘာ (Miss World Thailand 2026) ပြိုင်ပွဲကြီးမှာ သရဖူဆွတ်ခူးခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ နောင့်နမ့်ဖိန့် (ခ) ကန်ထိဒါး တေချ်ဖတ်ထနားကွန်းဟာ ဒီနေ့ မေ ၂၂ ရက် ညနေပိုင်းမှာ ချင်းမိုင်မြို့ကို လေကြောင်းနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။

သူဟာ မနက်ဖြန် မေ ၂၃ ရက်မှာ ချင်းမိုင်မြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသား ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

၂၀၂၆ ခုနှစ် ထိုင်းမယ်ကမ္ဘာ နောင့်နမ့်ဖိန့်ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းကနေ ရွှေ့ပြောင်းလာတဲ့ မိဘနှစ်ပါးကနေ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်က မွေးစာရင်းမရှိခဲ့တာကြောင့် ‘နိုင်ငံမဲ့ကလေးငယ်’ ဘဝနဲ့ ကြီးပြင်းလာသူတယောက်ပါ။

ချင်းရိုင်းခရိုင်မှာ မွေးဖွားခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေး နမ့်ဖိန့်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း သိပ္ပံပြိုင်ပွဲတခု ဆင်နွှဲဖို့ အမေရိကန်နိုင်ငံကို သွားရောက်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ထိုင်းနိုင်ငံသား ဖြစ်မနေသေးတဲ့အတွက် ဗီဇာလျှောက်ထားမှုကို ငြင်းပယ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဒီလို မတရားမှုနဲ့ စိန်ခေါ်မှုတွေဟာ သူ့ကို စိတ်ဓာတ်ကျသွားစေမဲ့အစား သူ့လိုပဲ အခွင့်အရေး ဆုံးရှုံးနေရတဲ့ နိုင်ငံမဲ့ကလေးငယ်တွေရဲ့ ဘဝနဲ့ လူ့အခွင့်အရေးတွေအတွက် အားတက်သရော ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်လှုပ်ရှားလာစေဖို့ အကောင်းဆုံး ရိုက်ခတ်ပေးခဲ့တဲ့ တွန်းအားတခု ဖြစ်လာခဲ့ပါတယ်။

လက်ရှိ ချင်းမိုင်တက္ကသိုလ်ကနေ ဆေးသိပ္ပံနည်းပညာဘာသာရပ်နဲ့ ဘွဲ့ရရှိထားသလို လက်ရှိမှာလည်း ပြည်သူ့အုပ်ချုပ်ရေးမဟာတန်း (MPA) ကို ဆက်လက်တက်ရောက်နေပါတယ်။

ဒါ့အပြင် သူမဟာ ပြီးခဲ့တဲ့ ၄ နှစ်တာကာလပတ်လုံး “Dare Your Dream” အစီအစဉ်ကို ကိုယ်တိုင်တည်ထောင်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံမဲ့ကလေးငယ်တွေရဲ့ ပညာရေးနဲ့ အခွင့်အလမ်းတွေအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတယောက်လည်း ဖြစ်ပါတယ်။

သူမဟာ Miss Chiangmai 2026 အပါအဝင် အလှမယ်သရဖူအဆင့်ဆင့်ကို ဆွတ်ခူးခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ပြိုင်ပွဲဝင် ၂၁ ယောက်ထဲကနေ ထိုင်းတနိုင်ငံလုံးဆိုင်ရာ Miss World Thailand 2026 အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013