DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဖြစ်နိုင်ခြေများနေ၊ ရေကြီး မြေပြိုသတိပြုရန်လိုဟု မိုးလေဝသပညာရှင်ပြော
DVB
·
April 6, 2025
မုန်တိုင်းဖြစ်နိုင်ခြေများနေ၊ ရေကြီး မြေပြိုသတိပြုရန်လိုဟု မိုးလေဝသပညာရှင်ပြော
Donate to DVB

ဘင်္ဂလားပင်လယ်ထဲမှာ မုန်တိုင်းဖြစ်နိုင်ခြေများနေပြီး ရုတ်တရက်မိုးများနိုင်တာကြောင့် ရေကြီးနိုင်မဲ့ အန္တရာယ်ရှိလာနိုင်သလို မြေပြိုမြေကျွံနိုင်တာကို သတိပြုဖို့လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ဒီနေ့ညနေ ၆ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဒီနေ့ညကနေ ဧပြီ ၁၁ ရက်နေ့အထိ တနိုင်ငံလုံးမှာ နေရာကွက်ကျားကနေ နေရာစိပ်စိပ် မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိမှာတော့ တနိုင်ငံလုံးမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။

၁၂ ရက်၊ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ မိုးရေချိန် ၂ လက်မခွဲလောက်အထိ ရွာသွန်းနိုင်တဲ့နေရာ တော်တော်များများရှိနေတာကိုလည်း ခန့်မှန်းချက်ပြပုံမှာတွေ့ရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ ECMWF ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်ခြေ စောင့်ကြည့်တဲ့ ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း ပင်လယ်ပြင်အတွင်း မုန်တိုင်းဖြစ်နိုင်ခြေ ရာနှုန်းပြည့်ရှိလာတာကို တွေ့ရတယ်လို့ ဧပြီ ၆ ရက် ဒီနေ့မွန်းလွဲ ၁ နာရီမှာ ရေးသားထားပါတယ်။

ဧပြီ ၉ ရက်ကနေ ၁၁ ရက်အတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ဆက်လက်ရွေ့လျားနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းမှာ  ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ခြေကတော့ ၇၀ ရာခိုင်နှုန်းရှိတာကိုတွေ့ရကြောင်း ဆိုပါတယ်။

တိမ်တိုက်တွေ ရွေ့လျားဝင်ရောက်နိုင်မဲ့အခြေအနေနဲ့ဆိုရင် ဧပြီ ၈ ရက်နေ့ကစတင်ပြီး ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေများလာတယ်လို့လည်း ဆိုပါတယ်။

ဧပြီ ၇ ရက်နေ့ကစတင်ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းကတဆင့် မုန်တိုင်းဖြစ်လာနိုင်ခြေနဲ့ မြန်မာကမ်းရိုးတန်းဘက်ကို ဆက်လက်ရွေ့လျားနိုင်တဲ့ ဖြစ်နိုင်ခြေတွေ မြင့်တက်လာတာနဲ့အတူ ရုတ်တရက် မိုးများနိုင်မဲ့အခြေအနေကြောင့် ရေကြီးနိုင်မဲ့ အန္တရာယ်ရှိလာနိုင်ကြောင်း၊ ငလျင်ထိထားတဲ့ မြေအောက်မြေထုလွှာ အခြေအနေတွေကြောင့် မြေပြိုမြေကျွံနိုင်တဲ့ အခြေအနေတွေကို ကြိုတင်ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာပြီလို့ သတိပေးထားပြီး ငလျင်ဒဏ်သင့်ဒေသခံတွေအတွက် အမိုးအကာတွေ စတင်စီစဉ် ဆောင်ရွက်သင့်ပြီလို့လည်း အကြံပြုထားပါတယ်။

Photo - ဦးဝင်းနိုင်၊ မိုးဇလ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013