
ပြိုင်ဘက်နည်းပြရဲ့ နှာခေါင်းကို ဆွဲဖျစ်ခဲ့တဲ့ နည်းပြမော်ရင်ညိုကို တူရကီ ဘောလုံးစည်းကမ်းထိန်း အဖွဲ့က ပွဲပယ်နဲ့ ဒဏ်ကြေးတွေ ချမှတ်ခဲ့ပါတယ်။
ဖီနာဘာချီနည်းပြ မော်ရင်ညိုဟာ ဂါလာတာစာရေးကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ တူရကီဖလား ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ ပြိုင်ဘက်နည်းပြ အိုကမ်ဘူရတ်ခ်ရဲ့ နှာခေါင်းကို ဆွဲဖျစ်ခဲ့တာပါ။
ပွဲအပြီးမှာ နှစ်ဖက်အသင်းကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး နှစ်သင်းပေါင်းကစားသမား ၃ ယောက်လည်း တိုက်ရိုက်အနီကတ်ပြသပြီး ထုတ်ပယ်ခံခဲ့ရတာပါ။
မော်ရင်ညိုဟာ ပြိုင်ဘက်နည်းပြကို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခဲ့တာကြောင့် ၃ ပွဲ ပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေ ယူရို ၆၀၀၀ နီးပါး ဒဏ်ရိုက်ခံခဲ့ရတာပါ။
မော်ရင်ညိုရဲ့ လက်ထောက်နည်းပြ ဖိုတီကိုတော့ ပြိုင်ဘက်ကစားသမားကို စော်ကားပြောဆိုမှုအတွက် ၄ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။










