DVB Logo
Home
မြန်မာသတင်း
ကျုံပျော်၌ စစ်တပ် အသုံးပြုရန် ယာဉ်ပိုင်ရှင်များကို ကား ၂ စီး အဓမ္မဝယ်ခိုင်း
DVB
·
April 6, 2025
ကျုံပျော်၌ စစ်တပ် အသုံးပြုရန် ယာဉ်ပိုင်ရှင်များကို ကား ၂ စီး အဓမ္မဝယ်ခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်းမှာ အသုံးပြုဖို့အတွက် မော်တော်ယာဉ် ပိုင်ရှင်တွေကို စုပေါင်းပြီး အဓမ္မကားဝယ်ခိုင်းနေတယ်လို့ မော်တော်ယာဉ်အသင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခလရ ၃၆ တပ်ရင်းပိုင်အဖြစ် အသုံးပြုဖို့ ကျုံပျော်နဲ့ ကျောင်းကုန်းမြို့ ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ကားဝယ်ပေးဖို့ ကျုံပျော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်မှုကော်မတီရုံးမှာ ဧပြီ ၅ ရက် မနက် ၉ နာရီကျော်လောက်က မော်တော်ယာဉ်ပိုင်ရှင်တွေကို ခေါ်ယူပြီး အစည်းအဝေးပွဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကျုံပျော်ဒေသခံတယောက်က “သူတို့တပ်ထဲမှာ ကားအရေအတွက် နည်းလို့ အရပ်ကား ၂ စီး ဝယ်ခိုင်းတာ။ ပုဂ္ဂလိက မော်တော်ယာဉ်အသင်းကို အကျပ်ကိုင်ပြီး ဝယ်ခိုင်းတာ။ ကျုံပျော်မြို့နယ်အနေနဲ့ တစီးနဲ့ ကျောင်းကုန်းမြို့နယ်အနေနဲ့ တစီး ဝယ်ပေးရမှာဖြစ်ပြီး မော်တော်ယာဉ်ပိုင်ရှင်တွေက အချိုးကျ ငွေထည့်ဝင်ပေးရမှာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်က ရှေ့တန်းသွားရောက်တဲ့အခါ စစ်ကားတွေအစား အရပ်သားကားတွေကို ချောဆွဲအသုံးပြုနေရာက စစ်တပ်ပိုင် အရပ်ကားမရှိတာကြောင့် မြို့ပေါ်မှာရှိတဲ့ မော်တော်ယာဉ်ပိုင်ရှင်တွေကို ဆင့်ခေါ်ပြီး အရပ်ကား ဝယ်ယူခိုင်းတာလို့ ဆိုပါတယ်။

ယာဉ်ပိုင်ရှင်တွေအနေနဲ့ ကားအစီးရေ ပိုင်ဆိုင်မှုအလိုက် ငွေကြေးထည့်ဝင်ပေးရမယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချခဲ့ကြောင်း အစည်းအဝေးပွဲ တက်ရောက်ခဲ့တဲ့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

အရပ်သားပိုင်ကားတွေ ချောဆွဲအသုံးပြုနေတဲ့ ကာလမှာလည်း ချောဆွဲမခံရရေးအတွက် မော်တော်ယာဉ်အသင်းက စုပေါင်းပြီး အရပ်ကား ၂ စီး ဝယ်ပေးခဲ့ကြောင်း၊ အခု ဒုတိယအကြိမ် ကား ၂ စီးကို စစ်တပ်က ထပ်မံဝယ်ခိုင်းခဲ့တာဖြစ်တယ်လို့ ကျုံပျော်မြို့ခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013