
မန္တလေးမြို့ရှိ ငလျင်ဘေးသင့်လူနာတွေကို ဧပြီ ၄ ရက်က စတင်ပြီး ဆေးကုသမှုပေးခဲ့နေတယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ထုတ်ပြန်ပါတယ်။
ဆရာဝန်တွေ၊ သူနာပြုတွေ အပါအဝင် အဖွဲ့ဝင် ၃၂ ယောက် ပါဝင်တဲ့ JICA အဖွဲ့ဟာ ဧပြီ ၂ ရက်က မြန်မာနိုင်ငံကို အကူအညီပေးဖို့ ရောက်လာတာပါ။
JICA အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂ ပတ်လောက် လူနာတွေကို ကုသမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ JICA အဖွဲ့ဟာ မန္တလေးမြို့မှာ ယာယီတဲတွေထိုးပြီး လူနာတွေရဲ့ အခြေအနေကို စစ်ဆေးပေးတာနဲ့ ဆေးကုသပေးတာတွေ ပြုလုပ်နေပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းတို့မှာ လူနေအိမ်တွေ အဆောက်အအုံတွေ၊ ဘုရားစေတီ၊ ဗလီ၊ ဘုရားကျောင်း စတဲ့ ဘာသာရေးအဆောက်အဦတွေ ပြိုကျ ပျက်စီးပြီး လူတွေ ထောင်ချီသေဆုံးခဲ့တာပါ။
လက်ရှိအချိန်မှာ ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ရေ၊ အစားအစာနဲ့ ခိုလှုံရာနေရာ တွေလိုအပ်နေ ပါတယ်။