DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ငလျင်ဘေးသင့်သူများအတွက် ပထမဆုံး အိမ်ခြေ ၂၀၀ စတင်လွှဲပြောင်းပေးမည်
DVB
·
July 16, 2026
Photo: REUTERS/Ricardo Arduengo
Photo: REUTERS/Ricardo Arduengo
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင် ၂ ခုကြောင့် ဘေးသင့်ခဲ့ရတဲ့ မိသားစုတွေအတွက် ပထမဆုံး အိမ်ခြေ ၂၀၀ ကို ဒီတပတ်အတွင်း လွှဲပြောင်းပေးအပ်ဖို့ ဗင်နီဇွဲလားအစိုးရက ပြင်ဆင်နေပါတယ်။

အာဏာပိုင်တွေကတော့ သင့်တော်မဲ့ မြေနေရာတွေကို အပြေးအလွှား ရှာဖွေနေပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ အားလုံးကို လာမဲ့ စက်တင်ဘာလ နောက်ဆုံးထားပြီး အိမ်ရာတွေ ပြန်လည် နေရာချထားပေးဖို့ လုပ်ဆောင်နေတာပါ။

ငလျင်ဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ လာဂွိုင်ရာပြည်နယ်ထဲက ကာတီယာလာမာမြို့မှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ မိသားစုတွေ ခိုလှုံနိုင်ဖို့ စခန်းတွေ ဆောက်လုပ်ပေးထားပါတယ်။

အစိုးရဟာ အကူအညီမျိုးစုံ လိုအပ်နေတဲ့ လူဦးရေ ၂၀,၀၀၀ နီးပါးအတွက် ယာယီစခန်း ၁၀၈ ခု ဖွင့်လှစ်ပေးထားပြီး အမြဲတမ်းအိမ်ရာတွေ မစီစဉ်ပေးနိုင်ခင်စပ်ကြား လူမှုဖူလုံရေး အကူအညီတွေလည်း ပေးထားပါတယ်။

အိမ်ရာလိုအပ်ချက်တွေကို အတိအကျသိနိုင်ဖို့ ပြီးခဲ့တဲ့ညကတင် လက်ဗွေနှိပ်စနစ်သုံးပြီး လူဦးရေစာရင်း ကောက်ယူမှုကို ပြီးစီးအောင် လုပ်ဆောင်ခဲ့ပါတယ်။

လာဂွိုင်ရာပြည်နယ်ထဲက တခြားစခန်းတခုမှာတော့ အိမ်ပုံစံမပျက်ဘဲ ပြုပြင်ဖို့ပဲလိုတဲ့ အိမ်တွေက လူတွေကို ခိုလှုံခွင့်ပေးထားပါတယ်။

အဆောက်အအုံတွေကို ၂ ကြိမ်တိုင်တိုင် လာစစ်ဆေးပြီး ဆက်နေထိုင်လို့ရတဲ့ အစိမ်းရောင်အဆင့် သတ်မှတ်ခံရရင် အနည်းငယ်လောက် ပြန်ပြုပြင်ပြီးတာနဲ့ ပြန်နေလို့ရပါပြီ။

ဒါပေမဲ့ အတော်လေး ပျက်စီးသွားလို့ အဝါရောင်အဆင့် သတ်မှတ်ထားရင်တော့ အဲဒီလူတွေဟာ သူတို့အိမ်တွေ ပြန်မပြင်ရသေးခင်အထိ ဒီစခန်းမှာပဲ ဆက်နေရဦးမှာ ဖြစ်ပါတယ်။

ဗင်နီဇွဲလားအစိုးရဟာ ဒီတပတ်အတွင်း အိမ်ရာပထမအသုတ်ကို လွှဲပြောင်းပေးသွားမှာဖြစ်သလို အိမ်ရာသစ်တွေ ဆောက်လုပ်ဖို့အတွက် မြေနေရာတွေကို ဆက်လက်အကဲဖြတ်နေပြီး အရင်နေရာဟောင်းတွေမှာပဲ ပြန်လည်တည်ဆောက်မလား ဆိုတာကိုလည်း ဆက်လက်ဆွေးနွေးနေကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013