
လက်ဘနွန်နိုင်ငံ ဆိုက်ဒန်မြို့မှာ ဧပြီ ၄ ရက် အစောပိုင်းက အစ္စရေးရဲ့တိုက်ခိုက်မှုတခုကြောင့် အဆောက်အဦ ကြမ်းခင်းတထပ် မီးလောင်ခဲ့ပြီး အဲဒီနေရာကို ကယ်ဆယ်ရေးသမားတွေနဲ့ လူတွေ စုဝေးရောက်ရှိခဲ့ကြပါတယ်။
လက်ဘနွန်တောင်ပိုင်း ဆိုက်ဒန်ဒေသက ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် ခေါင်းဆောင် ဟက်ဆန်ဖှာဟတ်ကို သတ်ဖြတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဆိုက်ဒန်ရှိ တိုက်ခန်းတခုကို အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုတိုက်ခိုက်မှုဟာ အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား မနှစ်က အဆုံးသတ်ခဲ့တဲ့ အမေရိကန် ကျောထောက်နောက်ခံပြု အပစ်အခတ်ရပ်စဲရေးက ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်ကြောင်း လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ်ဆာလာမ်ရဲ့ ရုံးက ပြောပါတယ်။
မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း ဟစ်ဇ်ဘိုလာ ထိန်းချုပ်ထားတဲ့ ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးတွေကို အစ္စရေးက ၂ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ပြီး လက်ဘနွန်ကနေ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့ကြတာနဲ့အတူ အပစ်အခတ်ရပ်စဲရေးကလည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာကတော့ ဒုံးကျည်ပစ်ခတ်မှုမှာ ဘယ်ကဏ္ဍကမှ မပါဝင်ကြောင်း ငြင်းဆိုထားပါတယ်။
Source: Reuters