DVB Logo
Home
အားကစား
မန်ယူနောက်ခံလူဟောင်း ဘရန်ဒမ်ဝီလီယံ ကစားသမားဘဝက အနားယူလို 
DVB
·
April 5, 2025
မန်ယူနောက်ခံလူဟောင်း ဘရန်ဒမ်ဝီလီယံ ကစားသမားဘဝက အနားယူလို 
Donate to DVB

ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေကြောင်း မန်ယူနောက်ခံလူဟောင်း ဘရန်ဒမ်ဝီလီယံ က ပြောသွားပါတယ်။

အသက် ၂၄ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်ညာနောက်ခံလူဟာ မန်ယူအသင်းအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတယောက် ဖြစ်ပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ရရှိခဲ့သူပါ။ 

ပြီးခဲ့တဲ့ရာသီက အစ်ဆွစ်အသင်းမှာ အငှားထွက်ကစားခဲ့ပြီး မန်ယူအသင်းက ထွက်ခွာခွင့်ပြုခဲ့ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာပါ။

ပြီးခဲ့တဲ့တပတ်က ကီလိုကျော်ပြီး ကားမောင်းလို့ စစ်ဆေးခံနေရပြီး ၂ နှစ်အထိ ထောင်ဒဏ်လည်း ကျခံရမယ့်အရေး ရင်ဆိုင်နေရတာပါ။

လက်ရှိအခြေအနေတွေကြောင့် အခုနှစ်ရာသီမှာ ဘောလုံးကစားခြင်းကနေ ခေတ္တ အနားယူထားပြီး အပြီးတိုင် အနားယူဖို့အထိတောင် စဉ်းစားနေကြောင်း ဂိုးသမားဟောင်း ဘင်ဖော်စတာနဲ့  အင်တာဗျူးမှာ ဘရန်ဒမ်ဝီလီယံက ပြောခဲ့တာပါ။

အမေရိကအပါအဝင် တခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေရှိပေမဲ့ ဆုံးဖြတ်ချက်မချရသေးကြောင်း ဝီလီယံက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013