DVB Logo
Home
နိုင်ငံတကာ
တန်နက်ဆီပြည်နယ်တွင် မုန်တိုင်းကြောင့် လူ ၅ ဦး သေဆုံး
DVB
·
April 4, 2025
တန်နက်ဆီပြည်နယ်တွင် မုန်တိုင်းကြောင့် လူ ၅ ဦး သေဆုံး
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီ ပြည်နယ်မှာ ပြင်းထန်တဲ့မုန်တိုင်းတွေကြောင့် အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ရပြီး ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဓာတ်အားပြတ်တောက်နေပါတယ်။

နေအိမ်တွေလည်း သိသိသာသာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး သောက်ရေသုံးရေ အကြံပေးချက်တွေ ထုတ်ပြန်ထားရကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ဧပြီ ၃ ရက်မှာ ပြောဆိုပါတယ်။

တန်နက်ဆီအရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ဒါရိုက်တာ ပက်ထရစ်ရှီးဟန်ဟာ ကားရိုးလ်၊ မက်နေးရီ၊ အိုဘီယွန်နဲ့ ဖှယက်တ် ခရိုင်တွေမှာ ရာသီဥတုကြောင့် သေဆုံးမှု ၅ ခုကို အတည်ပြုခဲ့ပါတယ်။

အိမ်ခြေ ၇၅၀၀ ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေဆဲဖြစ်ကြောင်းလည်း သိရပါတယ်။ အုပ်ချုပ်ရေးမှူး ဘေးလ်လီဟာ မက်နေးရီ ကောင်တီရှိ ပျက်စီးသွားတဲ့ ဆဲလ်မာမြို့ကို သွားရောက်ခဲ့ပြီး အဲဒီက အခြေအနေကို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိသားစုများစွာနဲ့အတူ အစစ်အမှန် ပျက်စီးဆုံးရှုံးမှုအဖြစ် ဖော်ပြခဲ့ပါတယ်။

အမျိုးသားမိုးလေဝသဌာနမှ မိုးလေဝသပညာရှင် ရိုင်ယန် ဟပ်စ်တပ်ကလည်း အထူးသဖြင့် ဧပြီ ၅ ရက်မှာ လျှပ်တပြက် ရေကြီးခြင်းနဲ့ ပိုမိုပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေ ဖြစ်နိုင်ခြေ အပါအဝင် ဆက်လက်ဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ ရာသီဥတုအန္တရာယ်တွေကို သတိပေးခဲ့ပါတယ်။

တက္ကဆက်မှ အိုဟိုင်းယိုးပြည်နယ်အထိ ဖြန့်ကြက်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခုမှာ ကြာသပတေးနေ့က အားပြင်းတဲ့ နွေဦးမုန်တိုင်းကြောင့် လူ ၇ ယောက်ထက် မနည်းသေဆုံးပြီး လေဆင်နှာမောင်း တိုက်ခတ်ကာ မိုးကြိုးမုန်တိုင်းတွေလည်း ဖြစ်ပေါ်ခဲ့တာကြောင့် ရေကြီးမှုအန္တရာယ်လည်း မြင့်တက်လာပါတယ်။

အင်အားကြီး မုန်တိုင်းစနစ်ဟာ နိုင်ငံရဲ့အလယ်ဗဟိုမှာ ရပ်တန့်သွားဖွယ်ရှိကြောင်း အမျိုးသားမိုးလေဝသဌာနမှ ပြောကြားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး စိုစွတ်နေတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေနဲ့ လေဆင်နှာမောင်းတွေ ဖြစ်နိုင်ကြောင်းလည်း ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013