
ဖိလစ်ပိုင်နိုင်ငံဟာ ရှင်းလင်းတဲ့ အချက်အလက်မရှိဘဲ တရုတ်သူလျှိုအမှုကို လုပ်ကြံဖန်တီးခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်မှာ ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ တရုတ်နိုင်ငံသားတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ကာကွယ်ဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကို့ကျားခွင်းက “သက်ဆိုင်ရာ တရုတ်ဌာနတွေက တရုတ်နိုင်ငံမှာ သူလျှိုလုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ အခြေအနေတွေကို ကြေညာထားပါတယ်။ တရုတ်တရားရေးဌာနတွေနဲ့ သက်ဆိုင်ရာဌာနတွေက အမှုတွေကို ဥပဒေနဲ့အညီ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမှာပါ” လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေကို ရပ်တန့်ဖို့နဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ တယောက်ချင်းစီရဲ့ အမှုတွေကို ဥပဒေနဲ့အညီ တရားမျှတမှုရှိရှိ ကိုင်တွယ်ဖို့ တရုတ်ပြည်မကြီး အစိုးရက ဖိလစ်ပိုင်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
သူလျှိုလုပ်တယ်လို့ သံသယရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၃ ယောက်ကို တရုတ်က ဖမ်းဆီးထားတယ်လို့ ပြောတဲ့နေ့မှာ သူ့ရဲ့မှတ်ချက်စကား ထွက်ပေါ်လာတာလို့ တရုတ်အစိုးရမီဒီယာက ထုတ်ပြန်ပါတယ်။
Source : Reuters