DVB Logo
Home
နိုင်ငံတကာ
TikTok ကို ဝယ်ယူရန် Amazon ကမ်းလှမ်း
DVB
·
April 4, 2025
TikTok ကို ဝယ်ယူရန် Amazon ကမ်းလှမ်း
Donate to DVB

Amazon အွန်လိုင်းစီးပွားရေးလုပ်ငန်ကြီးဟာ တရုတ်ပိုင်ရှင်ကုမ္ပဏီဆီကနေ TikTok ကို ဝယ်ယူနိုင်ဖို့အတွက် အိမ်ဖြူတော်ဆီ ကမ်လှမ်းချက် ပေးပို့ခဲ့တယ်လို့ နီးစပ်သူတယောက်က အတည်ပြုပါတယ်။

ဒီတပတ်အတွင်း Amazon ကုမ္ပဏီဘက်က ဒု-သမ္မတဖြစ်သူ ဂျေဒီဗန့်စ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက်ဒ် လတ်နစ်ခ် တို့ကို အဆိုပြုလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဧပြီ ၅ ရက် နောက်ဆုံးထားပြီး အမေရိကန်ပြည်တွင်းမှာ အပိတ်မခံရဖို့အတွက် တရုတ်ကုမ္ပဏီမဟုတ်တဲ့ သင့်တော်မယ့်ဝယ်ယူသူကို TikTok ရော အိမ်ဖြူတော်ကပါ ရှာဖွေနေပါတယ်။

အဲဒီနောက် မိုဘိုင်းလ်နည်းပညာကုမ္ပဏီ AppLovin အပါအ၀င် လူကြီးကြိုက် ဆိုရှယ်မီဒီယာ OnlyFans က TikTok ကို ဝယ်ယူဖို့ ကြိုးပမ်းရာမှာ ပါ၀င်လာခဲ့ပါတယ်။

TikTok ပေါ်မှာ အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိတဲ့အပြင် အွန်လိုင်းစျေး၀ယ်တာမျိုးနဲ့ပါ တွဲဖက်ထားတာကြောင့် Amazon အတွက် ဆွဲဆောင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတခု ဖြစ်လာခဲ့ပါတယ်။

အမေရိကန် တာဝန်ရှိသူတွေဟာ အမျိုးသားလုံခြုံရေးအရ တရုတ်အစိုးရနဲ့  ဆက်နွှယ်မှု ရှိနိုင်တဲ့အပေါ်  စိုးရိမ်ကြောင်း ဖော်ပြခဲ့ပေမဲ့လည်း TikTok နဲ့အတူ မိခင်ကုမ္ပဏီ ByteDance ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။

လွန်ခဲ့တဲ့ ဧပြီ ၂ ရက်နေ့အတွင်း ထရမ့်ပ် အစိုးရအဖွဲ့ဝင်တွေကြား တွေ့ဆုံခဲ့ကြပြီး အမေရိကန်နိုင်ငံက TikTok ရဲ့ အနာဂတ်နဲ့ တခြားရွေးချယ်စရာ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ဒါကြောင့် အမေရိကန်သမ္မတကိုယ်တိုင် အစည်းအဝေးဆုံးဖြတ်ချက်ကို ကြေညာနိုင်ခြေ ရှိပေမဲ့လည်း Amazon ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ဘိုင်ဒင် အစိုးရ လက်ထက်တုန်းက TikTok ရောင်းချရမယ့် နောက်ဆုံးရက်ကို ဇန်နဝါရီ ၁၉ ရက်နေ့မှာ သတ်မှတ်ထားခဲ့ပြီး ထရမ့်ပ် တက်လာချိန်မှာတော့ ၇၅ ရက်တာ သက်တမ်းတိုးပေးခဲ့ပါတယ်။

ဒါ့အပြင် Amazon က ဆိုရှယ်မီဒီယာကွန်ရက်တခု အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၃ ခုနှစ်မှာ စာအုပ်သုံးသပ်ရေး ဝက်ဘ်ဆိုက် Goodreads နဲ့ ၂၀၁၄ ခုနှစ်မှာ ဗီဒီယိုတိုက်ရိုက် ထုတ်လွှင့်နိုင်တဲ့ ပလက်ဖောင်း Twitch တို့ကို ဝယ်ယူခဲ့ပါသေးတယ်။

TikTok လိုမျိုး ဗီဒီယိုအတိုလေးတွေ တင်နိုင်မယ့် Inspire အမည်ရ ဝန်ဆောင်မှုတခုကိုပါ မိတ်ဆက်ခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ Amazon က ပြန်ပိတ်သိမ်းခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း အမေရိကန်နိုင်ငံမှာ TikTok က ဒေါ်လာ ၁၀ ဘီလီယံ ဝင်ငွေရရှိခဲ့ပါတယ်။ ဒါကြောင့် လေ့လာသုံးသပ်သူတွေဟာ TikTok ရဲ့ တန်ကြေးကို ဒေါ်လာ ၄၀ ကနေ ၅၀ ဘီလီယံ ရှိနိုင်တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013