DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကူညီမည့် သရုပ်ဆောင် မင်းမော်ကွန်း၏ ပန်းချီကားလေလံ တရက်အတွင်း ဒေါ်လာ ၃,၀၀၀ ရ
DVB
·
April 4, 2025
ငလျင်ဘေးကူညီမည့် သရုပ်ဆောင် မင်းမော်ကွန်း၏ ပန်းချီကားလေလံ တရက်အတွင်း ဒေါ်လာ ၃,၀၀၀ ရ
Donate to DVB

ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့  သရုပ်ဆောင် မင်းမော်ကွန်းရဲ့ ပန်းချီကား လေလံတင် ရောင်းချနေတာ တရက်အတွင်း အမေရိကန်ဒေါ်လာ ၃,၀၀၀ ရရှိခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ငလျင်ဒဏ်သင့်ဒေသတွေကို အကူအညီ ပေးပို့နိုင်ဖို့အတွက် ပန်းချီကားတချပ်ကို ဧပြီ ၂ ရက် ည ၇ နာရီက စတင်ပြီး ၄ ရက်တာ လေလံတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပန်းချီကားရဲ့ အမည်ကိုတော့ Golden Dream For Golden Land လို့ အမည်ပေးထားပြီး ၆၀ စင်တီမီတာပတ်လည် အရွယ်အစားရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုတဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၄,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013