DVB Logo
Home
မြန်မာသတင်း
ဘောလခဲရှိ စစ်တပ်ကာကင်းစခန်း ၅ ခုကို ကရင်နီပြည်တပ်ပေါင်းစုံ သိမ်းပိုက်
DVB
·
April 3, 2025
ဘောလခဲရှိ စစ်တပ်ကာကင်းစခန်း ၅ ခုကို ကရင်နီပြည်တပ်ပေါင်းစုံ သိမ်းပိုက်
Donate to DVB

မတ်လဆန်းကစတင်တဲ့ ကရင်နီပြည်တွင်းက စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော် သေဆုံးပြီး တချို့ကို အရှင်ဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကစလို့ လွိုင်ကော်မြို့နဲ့ မိုးဗြဲမြို့ဆက်ထားတဲ့လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာကြောင့် စစ်ကောင်စီတပ်တွေကို ထိုးစစ်ကို ကရင်နီပြည်တပ်ပေါင်းစုံက ခုခံကာကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုထိုးစစ်တွေကြောင့် တော်လှန်ရေးတပ်သားတချို့ ကျဆုံးခဲ့ရသလို စစ်ကောင်စီဘက်က အယောက် ၆၀ ကျော် သေဆုံးပြီး လက်နက်ကြီးငယ်အစုံ ၁၆ လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ မိုးဗြဲဒေသ ထိုးစစ်တွေကို ကန့်သတ်နိုင်ဖို့ ကရင်နီပြည် စစ်ဦးစီးအဖွဲ့ရဲ့ ကွပ်ကဲမှုနဲ့ ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပေါင်းစုံပါဝင်ပြီး ဘောလခဲနဲ့ ဖားဆောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၅ ခုနှစ် မတ် ၄ ရက်နေ့မှာ စတင်ဆင်နွှဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးစတင်ချိန် ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗျူဟာတပ် အခြေစိုက် ကင်းတွေ ဖြစ်တဲ့ ဘောလခဲမြို့နယ်က အမှိုက်ကျင်း၊ ကျောက်ခွဲစက်၊ ရေကျော်၊ ရေနီပေါက်၊ ဝမ်ပလန်း စတဲ့ ကာကင်းစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဖားဆောင်း မီးသတ်တိုက်နဲ့ ရေဆိပ်တွေကိုလည်း တိုက်ခိုက်ကန့်သတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ဝမ်မလန်း ဆိုတာက နယ်စပ် သံလွင်မြစ်ဘက်က လမ်းပေါ့။ ဘောလခဲကနေ ရွာသစ်ကိုတက်မယ့်လမ်း။ ဘောလခဲမှာက အခြေချစစ်ဗျူဟာ ခမရ ၃၃၇ ရှိမယ်၊ ခမရ ၄၂၉ ၊ ၄၃၀ ကျန်မယ်။ အရှေ့ဘက်မှာတော့ မိုင်းထန်းပဲ ကျန်တာပေါ့”လို့ ပြောပါတယ်။

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့နဲ့ စစ်ဆင်ရေးတပ်သားတွေဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးနဲ့ ကရင်နီပြည်မှာ ဖက်ဒရယ်တပ် တရပ် စတင်တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက် ငလျင်ကြီးကြောင့် နိုင်ငံတဝန်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးနေတာကို တွေ့ရလို့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က တိုက်ခိုက်မှုအမျိုးမျိုးကို ဆက်လုပ်နေတာကြောင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ချိန်ညှိပြီး ကာကွယ်ထိန်းချုပ်ထားတဲ့ ဒေသနဲ့ ပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်လာတာကို မူတည်လို့ စစ်ဆင်ရေးတွေကို လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013