DVB Logo
Home
မြန်မာသတင်း
မန္တလေးက ငလျင်ဒဏ်သင့် အထပ်မြင့်တိုက်များ ဖောက်ထွင်းခံနေရ
DVB
·
April 2, 2025
မန္တလေးက ငလျင်ဒဏ်သင့် အထပ်မြင့်တိုက်များ ဖောက်ထွင်းခံနေရ
Donate to DVB

 

မန္တလေးမြို့က ငလျင်ဒဏ်သင့်ပြီးပြိုနေတဲ့အထပ်မြင့်တိုက်တွေမှာ အခုတလော ဖောက်ထွင်းခံ နေရပါတယ်။ 

အင်အားပြင်းငလျင်ဒဏ်ဖြစ်ပြီးနောက်ပိုင်း  ထိခိုက်မှုအများဆုံးထဲက မြို့ဖြစ်တဲ့ မန္တလေးမြို့က အထပ်မြင့် တိုက်တွေ၊ ကွန်ဒိုတိုက်တွေမှာ အခုရက်ပိုင်းဖောက်ထွင်းခံရတာတွေ ရှိနေတယ်လို့ အိမ်ဖောက်ခံရသူတယောက်က DVB ကို အတည်ပြုပြောကြားပါတယ်။ အဖောက်ခံရတဲ့တိုက်တွေဟာ ပြိုကျပျက်စီးနေတဲ့ တိုက်တွေဖြစ်ပြီး ပိုင်ရှင်တွေ ရှောင်နေတဲ့အချိန်တွေမှာ ၀င်ရောက်ဖောက်ထွင်းတာလို့ ဆိုပါတယ်။

အိမ်ဖောက်ခံရသူ မန္တလေးမြို့ခံတယောက်က “ကျနော်တို့က ပြင်ဦးလွင်ကို အခုက စစ်ရှောင်လာတာဆိုတော့ အဲ့မှာ ဘယ်သူမှမနေကြတော့ဘူးရှင့်။ ကွန်ဒိုမှာက အခုဟာက ညတက်ပြီး ခိုးကြတာထင်တယ် ကျမအထင်တော့လေ။ ရှင်းရှင်းပြောရရင် ရည်ရွယ်ချက်ချက်ရှိရှိကို ၀င်ခိုးတာ။ သာမာန်အားဖြင့်က ကြုံလို့ ၀င်ခိုးလို့ရတဲ့ အထပ်လွှာလည်းမဟုတ်ဘူးလေ။ ကျနော်တို့အလွှာက အပေါ်အမြင့်ကြီးကို။ ကျနော်တို့ နာရီတင်ဆို တလုံးကို သိန်းသုံးလေးဆယ်ဆိုတော့ ကျနော့်ခန့်မှန်းချေဆိုရင် သုံးလေးရာလောက်ရှိတယ်။”

လက်ရှိ မန္တလေးမြို့ရဲ့ တချို့ရပ်ကွက်တွေမှာ ဓားပြ၀င်တိုက်တာတွေရှိလာပြီလို့ လူမှုကွန်ရက်စာ

မျက်နှာတွေပေါ်မှာ ရေးတင်လာကြတဲ့အတွက် ဒေသခံတွေစိုးရိမ်နေကြပါတယ်။ 

ဓားပြတိုက်ခံရတယ်လို့ သတင်းတွေထွက်နေတဲ့ မန္တလေး ကန်တော်ကြီးရပ်ကွက် နဲ့ ဦးပေစိဘုရားနားက ဒေသခံတွေကို DVB က ဆက်သွယ်မေးမြန်းချက်အရ အဆိုပါဖြစ်စဥ်တွေ မရှိသေးဘူးလို့လည်း အတည်ပြုဖြေကြားခဲ့ပါတယ်။

မန္တလေးမြိုခံတယောက်က “အကုန်လုံးက လမ်းပေါ်မှာ လူအုပ်စုလိုက်ကြီးက အိပ်နေတာ လူမပြတ်ဘူး၊  ၂၄ နာရီ ညတညလုံး လူမပြတ်ဘူးသွားလာနေကြတာ။ အလွယ်တကူ ၀င်ဓားပြတိုက်လို့မရဘူး မန္တလေးမှာ။ အဲ့လိုမျိုး ကောလာဟာလတွေက အများကြီးရှိတယ်။ ဘယ်သူက ပြောတာလဲမေးရင် ဟိုလူက ပြောတာလိုလို ဒီလူက ပြောတာလိုလိုနဲ့ အဆုံးသတ်သွားတာ။ အဓိကလိုအပ်တာက ကျုံးဘေးတို့၊ မြို့လယ်ခေါင်မှာ အိပ်နေတဲ့သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အဓိကအရေးကြီးဆုံးလိုအပ်တယ်။ နောက်ပြီးတော့ လူအများကြီးရှိနေတဲ့အတွက် ၀မ်းရောဂါဖြစ်မှာကို ကျနော်တို့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့တမြို့လုံးနီးပါး လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေပြီး ငလျင်ထပ်လှုပ်မှာစိုးတဲ့အတွက် ဒေသခံတွေဟာ လမ်းပေါ်မှာ ထွက်အိပ်နေကြပါတယ်။ ပြိုကျနေတဲ့ တိုက်တွေမှာတော့ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးလုပ်နေတဲ့ကြားကပဲ တချို့တိုက်တွေကွန်ဒိုတွေဟာ အဖောက်ထွင်းခံနေရတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013