DVB Logo
Home
အားကစား
ဒဏ်ရာမှ  ပြန်လည်ကောင်းမွန်လာပြီး ပထမဆုံးပွဲတွင် မက်ဆီဂိုးသွင်း 
DVB
·
April 1, 2025
ဒဏ်ရာမှ  ပြန်လည်ကောင်းမွန်လာပြီး ပထမဆုံးပွဲတွင် မက်ဆီဂိုးသွင်း 
Donate to DVB

အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး ပထမဆုံး ပွဲစဉ်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဖီလာဒဲလ်ဖီးယားနဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အရန်ခုံမှာပဲ ပါဝင်လာခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး အနိုင်ဂိုးတဂိုး သွင်းယူခဲ့တာပါ။

အာဂျင်တီးနား တိုက်စစ်မှူးဟာ ပေါင်ခြံဒဏ်ရာကြောင့် အသင်းရဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့သူပါ။

မက်ဆီရဲ့ ဒဏ်ရာအခြေအနေ အကောင်းကြီးမဟုတ်သေးလို့ စွန့်စားပြီး ပွဲထွက်ကစားစေဦးမှာ မဟုတ်ဘဲ မိနစ်အနည်းငယ်ပဲ ကစားစေချင်တာကြောင့် လူစားဝင်ကစားစေခဲ့တာဖြစ်ကြောင်း မိုင်ယာမီနည်းပြ မာရှေယာနိုက ပြောပါတယ်။

မက်ဆီက သမိုင်းတလျှောက် အခမ်းနားဆုံးကစားသမားဖြစ်ပြီး သူ့လိုကစားသမား နောက်ထပ်ရှိလာဖို့ မဖြစ်နိုင်တော့ကြောင်း၊ တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်နေရာတွေ ကစားခဲ့သလို ခံစစ်ပိုင်းမှာ ကစားခိုင်းမယ်ဆိုရင်လည်း အကောင်းဆုံးခံစစ်မှူး ဖြစ်လာမယ်လို့  မာရှေယာနိုက ပြောသွားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013