DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ပြည်သူများအတွက် KBC က‌ ငွေကျပ် သိန်း ၁,၅၀၀ မတည် 
DVB
·
April 1, 2025
ငလျင်ဒဏ်သင့်ပြည်သူများအတွက် KBC က‌ ငွေကျပ် သိန်း ၁,၅၀၀ မတည် 
Donate to DVB

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က‌ ငွေကျပ် သိန်း ၁,၅၀၀ မတည်ပြီး မန္တလေးနှစ်ခြင်းအသင်းတော်နဲ့အတူ ကူညီပေးနေတယ်လို့ သိရပါတယ်။

Lower Myanmar Kachin Baptist Association (LGZ) ဝင်းနဲ့ မန္တလေးဂျူဗလီဝင်းမှာ ငလျင်ဒဏ်ကြောင့် တိမ်းရှောင်နေတဲ့ ပြည်သူအယောက် ၂၀၀ ကျော် ခိုလှုံနေပြီး အရေးတကြီး လိုအပ်တဲ့ အစားအသောက်၊ သောက်ရေသန့်၊ သန့်ရှင်းရေးတို့အပြင် နေစရာတွေ ပြင်ဆင်ပေးနေပြီး ဆိုလာမီး ထောက်ပံ့တာတွေကို အသင်းတော်တွေဘက်က ကူညီပေးနေတယ်လို့ KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဖောင်ယမ်တူးမိုင်က ပြောပါတယ်။

အခုလို ကူညီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ကျပ်သိန်း ၁၅၀၀  မတည်ကာ ကူညီဖို့ အလှူငွေချမှတ် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်လက်ကူညီဆောင်ရွက်ပေးနိင်ဖို့ အသင်းသူ/အသင်းသားတွေအနေနဲ့လည်း အဖွဲ့ချုပ်ဆီကို အလှူငွေတွေ ပေးပို့ပါဝင်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် KBC အသင်းတော်တိုင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းတဲ့အခါ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် သီးသန့်အလှူငွေကောက်ခံပြီး အဖွဲ့ချုပ်ကို ပေးပို့ဖို့နဲ့ အရေးကြီးဆုံးအနေနဲ့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေ အားလုံးအတွက် ဆုတောင်းပေးကြဖို့ကိုလည်း KBC အထွေထွေအတွင်းရေးမှူး အသိပေးထားပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေဟာ မန္တလေးနဲ့ စစ်ကိုင်းမြို့အနီးတဝိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ပဲခူး၊ မကွေး၊ နေပြည်တော်နဲ့  ရှမ်းပြည်နယ်မှာပါ ထိခိုက်မှုတွေရှိခဲ့တာပါ။

မတ် ၃၁ ရက် ဒီနေ့လယ် ၃ နာရီအထိ DVB က ကောက်ယူထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် သေဆုံးသူပေါင်း ၃,၀၃၄ ယောက်၊ ထိခိုက်ဒဏ်ရာရ - ၃,၅၁၇ ယောက်နဲ့ ပျောက်ဆုံးသူ - ၃၅၉ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013