DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများ တောင်းဆို
DVB
·
March 31, 2025
ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီကယ်ဆယ်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူတွေကို အကူအညီပေးရေး အဖွဲ့အစည်းတွေ အနေနဲ့ စစ်အုပ်စုရဲ့ အမြတ်ထုတ်မှု မရှိစေရေး သေချာစွာ လုပ်ဆောင်ရမှာဖြစ်ပြီး နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုမိုလုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၆၉ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အရင်းအမြစ်တွေကို ချက်ချင်းစုစည်းပြီး ငလျင်ဒဏ် ထိခိုက်ခံစားရတဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ လူမှုအသိုင်းအဝန်းထံ အရေးပေါ်အကူအညီများ NUG အစိုးရ၊ ERO၊ အရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ မြေပြင်ရှိ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေဆီကနေတဆင့် ပေးပို့ လုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ ခုနှစ် ဆိုင်ကလုံး နာဂစ် ဖြစ်စဉ်မှာလည်း နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ပြီး အကူအညီတွေ အလွန်လိုအပ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အကူအညီမပေးဘဲ စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးမှသာ အကူအညီပေးတာတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ငလျင်ဒဏ်သင့်ထားတဲ့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာဖြစ်စေ၊ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာဖြစ်စေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့နဲ့ လွှမ်းမိုးအုပ်စိုးဖို့အတွက် နိုင်ငံတကာအကူအညီတွေကို လက်နက်သဖွယ် အသုံးချဖို့ ကြိုးပမ်းလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုလသမဂ္ဂ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ အချိန်တွေမှာ အကူအညီတွေကို စစ်တပ်က ခြယ်လှယ်ခဲ့တဲ့ နာကျည်းဖွယ်သမိုင်းကို ပြန်လည်သတိရပြီး ဒဏ်သင့်ထားတဲ့ ပြည်သူတွေ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရခြင်းနဲ့ နောက်ထပ် ဒုက္ခခံစားရမှုတွေကနေ ကာကွယ်ပေးရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ တောင်းဆိုချက်မှာ ပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013