DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း ငလျင်ဘေးဒုက္ခသည်များ ရေ အဓိကလိုအပ်နေ၊ ဒဏ်ရာရသူများပြီး ဆေးရုံမဆံ့ 
DVB
·
March 30, 2025
စစ်ကိုင်း ငလျင်ဘေးဒုက္ခသည်များ ရေ အဓိကလိုအပ်နေ၊ ဒဏ်ရာရသူများပြီး ဆေးရုံမဆံ့ 
1 / 9
Donate to DVB

စစ်ကိုင်းက ငလျင်ဘေးဒုက္ခသည်တွေအတွက် သောက်သုံးရေအဓိကလိုအပ်နေပြီး ဒဏ်ရာရသူတွေများလို့ ဆေးရုံမဆံ့ဖြစ်နေကာ ယာယီတဲထိုးနေနေကြရတယ်လို့   ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေဆီက သိရပါတယ်။

အကူအညီပေးနေတဲ့ အမျိုးသားတယောက်က “ရေ လုံးဝအခက်အခဲ ဖြစ်သွားကြတာပေါ့နော်။ ရေတွေ ချိုးရေရော သောက်သုံးရေရော လုံးဝ အခက်အခဲဖြစ်သွားပြီ။ ပြီးရင် မုန့်တွေ ဘာတွေ စားစရာတွေလည်း လုံးဝ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

ငလျင်ကြောင့် စစ်ကိုင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတဲ့အတွက် အနည်းစုကိုပဲ ကယ်ဆယ်ရေးလုပ်နိုင်ပြီး အခုလောလောဆယ်ကတော့ ကယ်ဆယ်ရေးလည်း အများကြီး လိုနေတယ်လို့ သူက ပြောပါတယ်။

ကူညီကယ်ဆယ်ပေးသူတယောက်ကလည်း “ရေလေးတွေ လိုအပ်တာ ဟုတ်ပါတယ်။ သောက်ရေက အဓိကပါ။ သုံးရေက အဲလောက် အရေးမကြီးပါဘူး” လို့ ပြောပါတယ်။

ရေ အဓိကလိုအပ်နေပြီး အစာခြောက်၊ ခြင်ထောင်၊ ဖျာ၊ ဆေးဝါး၊ အမျိုးသမီးလစဉ်သုံးနဲ့ အလောင်းထည့်တဲ့အိတ်တွေ အရေးပေါ် လိုအပ်နေ‌‌တယ်လို့ ‌‌ဒေသခံတချို့ဆီကလည်း သိရပါတယ်။

ရေပေးနိုင်တဲ့ နေရာမှာလည်း ရေထည့်စရာ ရေဘူးခွံတွေ မရှိတာကြောင့် အခက်အခဲဖြစ်နေလို့ ရေဘူးခွံတွေလည်း လှူပေးစေလိုတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်ကလည်း “ဟုတ် ရေတွေပျက်၊ မီးတွေပျက်။ အစားသောက်တွေကလည်း ဝယ်မရ။ မြို့ထဲပဲ ဝယ်ကြတာများတယ်လေ။ အခု မြို့ထဲက အဖြစ်များတော့ ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

စစ်ကိုင်းမှာ လက်ရှိမှာတော့ သေဆုံးသူ ခန့်မှန်းခြေ ရာချီရှိနေပြီဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ဆေးရုံမဆံ့လို့ ယာယီတဲတွေထိုးပြီး ထားထားရတယ်လို့ ကူညီကယ်ဆယ်နေသူတွေက ပြောပါတယ်။

စစ်ကိုင်းတံတားသစ်ကနေတော့ ကားလေးတွေ ဖြတ်သန်းလို့ရပြီ ဖြစ်သလို မြစ်ကူးဇက်က ညနေ ၅ နာရီအထိ ပေးသုံးကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013