DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ခံ ပြည်သူများအတွက် အသက်ကယ်ကျန်းမာရေး အမြန်ဆုံးကူညီခွင့်ပြုရန် အရေးကြီးဟု MSF ထုတ်ပြန်
DVB
·
March 30, 2025
ငလျင်ဒဏ်ခံ ပြည်သူများအတွက် အသက်ကယ်ကျန်းမာရေး အမြန်ဆုံးကူညီခွင့်ပြုရန် အရေးကြီးဟု MSF ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အင်အားပြင်း ငလျင်ဘေး ထိရောက်တဲ့တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ထိခိုက်ခဲ့တဲ့ဒေသတွေဆီ အမြန်ဆုံးသွားရောက်ဆောင်ရွက်ခွင့်ရဖို့၊  မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေနဲ့ နည်းပညာရှင်တွေအတွက် အချိန်နဲ့တပြေးညီ ခွင့်ပြုပေးဖို့ အရေးကြီးတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) မြန်မာက ထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက်က  မန္တလေးမြို့နဲ့ အနီးတဝိုက် အလယ်ပိုင်းဒေသမှာ အင်အား ရစ်ချ်တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ရဲ့ ပြင်းအားနဲ့ အတိုင်းအတာအရ လူထုအပေါ် သက်ရောက်နိုင်မှု အထူးသဖြင့် ထိခိုက်ဒဏ်ရာကြောင့် အသက်ကယ်ကျန်းမာရေးအကူအညီ ချက်ချင်း လိုအပ်နေသူတွေအတွက် စိတ်ပူမိတယ်လို့ဆိုပါတယ်။ 

ငလျင်ကြောင့် နားခိုရာနေရာ ဆုံးရှုံးမှု၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတာနဲ့ ရေက ဖြစ်ပွားတဲ့ရောဂါတွေ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အဓိကဖြစ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိမှုတွေကြောင့် ထိခိုက်လွယ်သူတွေ ဖြစ်လာမယ့်လူထုအတွက်ကိုလည်း စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု ပေးအပ်ဖို့နဲ့ အခြေအနေကို အကဲဖြတ်ဖို့ မြန်မာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုက်နက် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ MSF ရဲ့ ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဝန်ထမ်းတွေက ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013