DVB Logo
Home
မြန်မာသတင်း
အင်အားပြင်းငလျင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၂၆ ကြိမ် လှုပ်ခတ်
DVB
·
March 30, 2025
အင်အားပြင်းငလျင် နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၂၆ ကြိမ် လှုပ်ခတ်
Donate to DVB

မြန်မာနိုင်ငံမှာ မန္တလေး အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ကြီးနဲ့ ငလျင်ငယ်ပေါင်း ၂၆ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသဌာနက မတ် ၃၀ ရက် ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

မတ် ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ၁ နာရီ ၂ မိနစ်မှာ ၇ ဒသမ ၅၊ ၁ နာရီ ၁၆ မိနစ်မှာ ၅ ဒသမ ၉၊ ၁ နာရီ ၅၈ မိနစ်မှာ ၄ ဒသမ ၇၊ ၂ နာရီ ၂၆ မိနစ်မှာ ၄ ဒသမ ၉ အပါအဝင် ည ၁၁ နာရီ ၁၆ မိနစ်အထိ နောက်ဆက်တွဲငလျင် ၁၂ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မတ် ၂၉ ရက်နေ့မှာတော့ မနက် ၅ နာရီ မိနစ် ၅၀ မှာ ရစ်ချ်တာစကေး ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ည ၁၁ နာရီ မိနစ် ၄၀ အထိ ၁၁ ကြိမ် လှုပ်ခတ်ခဲ့ပါတယ်။

ဒီမနက် အစောပိုင်း ၁၂ နာရီခွဲမှာ ရစ်ချ်တာစကေး ၃ ဒသမ ၃ နဲ့ ၂ နာရီမှာ ၃ ဒသမ ၆ ရှိတဲ့ ငလျင်အငယ်စား ၂ ခု လှုပ်ခဲ့သေးပြီး ဗဟိုပြုနေရာတွေကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

မနေ့ညပိုင်းက မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ ဖြူး စတဲ့မြို့တို့မှာ ငလျင်လှုပ်တာကို ခံစားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်က တနိုင်ငံလုံးနီးပါး ငလျင်ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဩဇာခံ မိုးလေဝသဌာနကတော့ ညပိုင်း ၁၂ နာရီလောက်မှာမှ ပင်မငလျင်သတင်းကို စပြီး ဖော်ပြလာတာ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013