DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် အနုပညာရှင်အချို့ လှူဒါန်းမည်
DVB
·
March 29, 2025
ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် အနုပညာရှင်အချို့ လှူဒါန်းမည်
Donate to DVB

မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးနစ်နာရတဲ့  မြန်မာပြည်သူတွေအတွက် အကူအညီပေးဖို့  ပြည်တွင်းနဲ့ ပြည်ပက အနုပညာရှင်တွေက လုပ်ဆောင်နေကြပါတယ်။    

တော်လှန်အနုပညာရှင် သရုပ်ဆောင် ဒေါင်းက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကား ၂ ကားကို မဲဖောက်ပေးသွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ပန်းချီကား ၂ ကားကို မဲစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မဲရောင်းဈေးကိုတော့ သတ်မှတ်ထားခြင်းမရှိဘူးလို့ ရေးသားထားပါတယ်။

မတ်လအကုန် ၃၁ ရက်မှာ မဲဖောက်ပေးသွားမှာဖြစ်ပြီး SDB၊ NUGPay နဲ့ Thai Bank transfer တွေကနေတဆင့် ဝင်ရောက်အားဖြည့် လှူဒါန်းနိုင်တဲ့အကြောင်း ရေးသားထားပါတယ်။

အလားတူ အဆိုတော် ဖြူဖြူကျော်သိန်း အနေနဲ့လည်း လွတ်မြောက်နယ်မြေက ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ်ကူညီနိုင်ဖို့ ဧပြီ ၅ ရက်နေ့  ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၊ Riverside Theatre မှာကျင်းပမယ့် Phyu Phyu in Sydney show မှာ ပစ္စည်းသုံးမျိုးကို လေလံတင်ပြီး ရန်ပုံငွေကောက်ခံမယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

လေလံတင်မယ့် ပစ္စည်းတွေကတော့ အဆိုတော် ဖြူဖြူကျော်သိန်း ကိုယ်တိုင်တီးခတ်ပြီး လက်မှတ်ရေးထားတဲ့ ဂစ်တာတလက်၊ ထားထက်ထက် ကိုယ်တိုင်ထိုးထားတဲ့ handmade တချောင်းထိုး အရုပ် set လေး တရုပ်၊ အန်တီ မတူးမာလို့ သိကြတဲ့ မငြိမ်းငြိမ်းကျော် လှူဒါန်းထားတဲ့ သြစတြေးလျမှာရဖို့ မလွယ်ကူတဲ့ ကံ့ကော်ပင်တပင် စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ငလျင်သဘာဝဘေးအတွက် လိုအပ်တဲ့နေရာတွေကို ကူညီပေးဖို့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဦးစီးတဲ့ “ခိုင်နှင်းဝေပရဟိတအသင်း” က ငွေကျပ် သိန်း ၁,၀၀၀ မတည်ကူညီပေးနေပြီး ရုပ်ရှင်သရုပ်ဆောင် အိချောပို၊ နော်ဖောအယ်ထား အပါအဝင် အနုပညာရှင်တချို့ကလည်း အလှူငွေတွေ ထည့်ဝင် ကူညီပေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013