စစ်ကိုင်းငလျင်နှင့် သက်ရောက်မှုပြင်းထန်ရာနေရာများ (Infographic)
DVB
·
March 29, 2025

မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဟာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိပြီး ဖျက်အားပြင်း ငလျင်အမျိုးအစား ဖြစ်ပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ အချက်အလက်တွေအရ အဆိုပါငလျင် လှုပ်ခတ်ပြီး ၁၂ မိနစ်အကြာမှာ အင်အား ၆ ဒသမ ၇ ရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်တွေလည်း ဒါဇင်နဲ့ချီ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်နဲ့ သက်ရောက်မှုပြင်းထန်ရာ နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။