DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ၁၁၅ မိုင်စခန်းက စားသောက်ဆိုင်နှင့် ဓာတ်ဆီဆိုင်ယာယီပိတ်
DVB
·
March 29, 2025
ငလျင်ကြောင့် ၁၁၅ မိုင်စခန်းက စားသောက်ဆိုင်နှင့် ဓာတ်ဆီဆိုင်ယာယီပိတ်
1 / 7
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း ဖြူးမြို့နယ်၊ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းက စားသောက်ဆိုင်တွေနဲ့ ဓာတ်ဆီဆိုင်ဟာ ငလျင်ဒဏ်ကြောင့် လမ်းနဲ့ အဆောက်အအုံ ထိခိုက်မှုတွေ ရှိခဲ့တာကြောင့် မတ် ၂၈ ရက် နေ့လယ်ကစလို့ ယာယီပိတ်ထားရပါတယ်။

ယာဉ်မောင်းတွေဟာ ၁၁၅ မိုင်မှာ ဆီဖြည့်လို့ မရတော့တာကြောင့် အမြန်လမ်းဟောင်းမှာသာ ဆီဖြည့် ခရီးဆက်နိုင်‌ပြီး မိုင်တိုင် ၉၄ မိုင် ၇ ဖာလုံက ချောင်းကူးတံတား၊ ၉၅ မိုင် ၇ ဖာလုံတို့က ချောင်းကူးတံတားနဲ့ လမ်မနေရာမှာ လမ်းမြေကျွံမှုတွေ ဖြစ်ပေါ်နေတာကြောင့် သတိထား မောင်းနှင်ဖို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။

အမြန်လမ်းအသုံးပြုသူတွေအနေနဲ့ အမြန်လမ်းကို ၁၃၈ မိုင်အထိပဲ သုံးလို့ ရပြီး နေပြည်တော်နဲ့ မန္တလေးအထိ သွားလာနိုင်ဖို့ အုတ်တွင်း တောင်ငူလမ်းကနေ အမြန်လမ်းဟောင်းကို အသုံးပြုနေကြရပါတယ်။

Photo: Ethan Htun

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013