DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ‘အကျဉ်းထောင် စီးပွားရေးလုပ်ငန်း’ ကို အယ်လ်ဆာဗေးဒေါပြည်သူများ ဆန့်ကျင်ဆန္ဒပြ
DVB
·
March 28, 2025
ထရမ့်ပ်၏ ‘အကျဉ်းထောင် စီးပွားရေးလုပ်ငန်း’ ကို အယ်လ်ဆာဗေးဒေါပြည်သူများ ဆန့်ကျင်ဆန္ဒပြ
Donate to DVB

အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အမေရိကန်က အကျဉ်းသားတွေကို ထောင်ချပေးခြင်းအားဖြင့် အကျဉ်းထောင်နဲ့ စီးပွားရှာတဲ့လုပ်ရပ်ကို ရှုတ်ချကြောင်း မတ် ၂၇ ရက်က မြို့တော် ဆန်ဆာလ်ဗေဒေါမှာ ပြည်သူတွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အယ်လ်ဆာဗေးဒေါနိုင်ငံမှာ “အကျဉ်းထောင်စီးပွားရေး” နဲ့ သမ္မတ နာယစ်ဘ် ဘူကီလီရဲ့ အရေးပေါ်အခြေအနေအမိန့်ကို ကန့်ကွက်ကြောင်း ဝေဖန်ကြွေးကြော်ကြပါတယ်။

အယ်လ်ဆာဗေးဒေါမှာ တရားစီရင်ခံရသူလည်း မဟုတ်၊ ဆာလ်ဗေးဒေါလူမျိုးလည်းမဟုတ်၊ အယ်လ်ဆာလ်ဗေးဒေါမှာ နေထိုင်သူလည်း မဟုတ်တဲ့သူတွေကို ထောင်ချပေးတဲ့ စီးပွားရေးလုပ်ငန်းတမျိုးကို မြှင့်တင်ဖို့ တခြားအစိုးရတွေနဲ့ သဘောတူညီချက်တွေ ရရှိထားကြောင်းလည်း ဆိုပါတယ်။

အမေရိကန်နဲ့ အယ်လ်ဆာဗေးဒေါ အစိုးရကြား သဘောတူညီချက်မှာ အကျဉ်းသားတွေကို ချုပ်နှောင်ထားပေးဖို့အတွက် စီးပွားရေးအရ ပေးချေမှုတခု ပါ၀င်နေတာက မယုံနိုင်စရာ ကောင်းလွန်းပြီး အမေရိကန်မှာ တရားရင်ဆိုင်နေရသူ ဟုတ်ဟုတ် မဟုတ်ဟုတ် ဒါဟာ နိုင့်ထက်စီးနင်း ဖမ်းဆီးထားတာပဲ ဖြစ်တယ်လို့ အစိုးရကြောင့် ထိခိုက်နစ်နာရသူများ လှုပ်ရှားမှုအဖွဲ့မှ အဖွဲ့ဝင် ဖရန်စစ်စကို ပါရာဒါက ပြောပါတယ်။

ဒါဟာ အကျဉ်းထောင်မူဝါဒနဲ့ အရေးပေါ်အခြေအနေကနေ ဖိနှိပ်ချုပ်ချယ်မှုရဲ့ တခြားအဆင့်ဖြစ်ပြီး ဒါလည်း ရာဇ၀တ်မှုပါပဲလို့လည်း ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဦးဆောင်ပြီး အယ်လ်ဆာဗေးဒေါသမ္မတ ဘူကီလီက အနောက်ကလိုက်လုပ်တဲ့ မတရားတဲ့လုပ်ရပ်တွေကို ရှုတ်ချပါတယ်လို့ ပုန်ကန်မှုနဲ့ ပေါ်ပြူလာတော်လှန်ရေးအဖွဲ့မှ အဖွဲ့ဝင် မာစီလာရာမီရက်ဇ်က ပြောပါတယ်။ ဒါဟာ ဆင်းရဲမွဲတေမှုကို ရာဇ၀တ်မှုလို့ သတ်မှတ်တဲ့ မျက်ကန်းမျိုးချစ် ဝါဒပဲဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ဗင်နီဇွဲလားဂိုဏ်း ထရန်းဒီ အာရဂွါဂိုဏ်းဝင်တွေကို အယ်လ်ဆာဗေးဒေါကို အမြန်ပို့ဆောင်ဖို့ မတ် ၁၅ ရက်က ပြည်ပရန်သူများ ထိန်းချုပ်ရေးဥပဒေကို တောင်းဆိုခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသား ၂၃၈ ယောက်ကို အယ်လ်ဆာဗေးဒေါနိုင်ငံရှိ အကြမ်းဖက်မှုထိန်းချုပ်ရေးစင်တာမှာ ထားရှိဖို့ အမေရိကန်က လွှဲပြောင်းပေးခဲ့ပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံတွင်း အရေးပေါ်အခြေအနေတွေကြားမှာပဲ အမေရိကန် အကျဉ်းသားတွေက မဂ္ဂါဧရာမအကျဉ်းထောင်ကို ရောက်ရှိလာကြတာပါ။

အယ်လ်ဆာဗေးဒေါ နိုင်ငံအတွင်း အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ မြင့်မားလာမှုကို ဖြေရှင်းဖို့အတွက် ဘူကီလီအစိုးရမှ စီမံချက်ကို ၂၀၂၂ ခုနှစ်မှာ ကနဦး အတည်ပြုခဲ့ပါတယ်။

မတ် ၄ ရက်မှာ လွှတ်တော်က အဲဒီအစီအမံကို နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်းတိုးခဲ့တာဖြစ်ပြီး ရလဒ်အနေနဲ့ လူသတ်မှုနှုန်းကို လူ ၁ သိန်းမှာ ၁ ဒသမ ၉ ယောက်အထိ လျှော့ချခဲ့ပြီး ဂိုဏ်းဝင် ၈၅,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အစိုးရကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းတာဟာ လူ့အခွင့်အရေးချိုးဖောက်ပြီး ဆာလ်ဗေးဒေါ ဒီမိုကရေစီကို ထိခိုက်စေတယ်လို့  စွပ်စွဲထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013