DVB Logo
Home
မြန်မာသတင်း
လာအိုနှင့် တခြားနိုင်ငံများအတွက် တလကို အလုပ်ခေါ်စာ ၁၀ ဦးသာ ခွင့်ပြုမည်
DVB
·
March 27, 2025
လာအိုနှင့် တခြားနိုင်ငံများအတွက် တလကို အလုပ်ခေါ်စာ ၁၀ ဦးသာ ခွင့်ပြုမည်
Donate to DVB

လာအိုနဲ့ တခြားနိုင်ငံတွေအတွက် အေဂျင်စီတခုကို အလုပ်ခေါ်စာ ၁၀ ယောက်ပဲ ခွင့်ပြုမယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက ထပ်မံအသိပေးထားပါတယ်။

စစ်ကောင်စီက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံဆီ အလုပ်သမား စေလွှတ်ရာမှာ အေဂျင်စီတခုချင်းအလိုက် အလုပ်ခေါ်စာတင်နိုင်တဲ့ အလုပ်သမားဦးရေ ကန့်သတ်ထားပြီးနောက်မှာ လာအိုနဲ့ တခြားနိုင်ငံတွေအတွက်လည်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေဆီ အလုပ်သမား လွှတ်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်မတိုင်ခင် အလုပ်ခေါ်စာ တင်ထားတာတွေကို ၁၀ ဦးနှုန်း ပြန်တင်ဖို့နဲ့ အလုပ်ခေါ်စာအသစ်ကို မေလ ၂ ရက်မှာ လက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက အခုလို အလုပ်ခေါ်စာတင်ခွင့် ဦးရေကန့်သတ်လိုက်တာကြောင့် အေဂျင်စီတွေအနေနဲ့ တဖက်လုပ်ငန်းရှင်နဲ့ မျက်နှာပျက်ရတဲ့ အခြေအနေတွေ ရှိလာတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “ခေါ်မယ့်သူက ခေါ်မှာတောင် ပို့ဖို့အတွက်က တောင်းသလောက် လူမပို့ပေးနိုင်တာမျိုး၊ ခွဲခွဲပို့ပေးရမယ့် အနေအထားမျိုး ဖြစ်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီက အေဂျင်စီ တခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် လုပ်သား အယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်ပဲ အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားပြီး ဖြစ်ပါတယ်။

အခုက လာအိုနဲ့ ကျန်တခြားနိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမားပို့မယ်ဆိုရင် အဲဒီနိုင်ငံအတွက် သီးခြားလိုင်စင်ရယူရပြီး တခြားနိုင်ငံတွေအားလုံးအတွက် လုပ်ငန်းအခေါ် လိုင်စင်ကြီး သက်သက်ယူရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀ ကျော်ရှိပြီး တဝက်လောက်ကပဲ ထိုင်းအတွက် လိုင်စင်နဲ့ လိုင်စင်ကြီး ရယူထားကြပြီး ကျန်အေဂျင်စီတွေက လိုင်စင်ကြီးသက်သက်ပဲ ယူထားတာလို့ အေဂျင်စီအသိုက်အဝန်းက ဆိုပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံဆီ သင်္ဘောကျင်းလုပ်သားနဲ့ ရေလုပ်ငန်းအတွက် လုပ်သားတွေကို ပုဂ္ဂလိကအေဂျင်စီ ၆ ခုကပဲ အဲဒီနိုင်ငံအစိုးရခွင့်ပြုချက်နဲ့ စေလွှတ်ခွင့်ရထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းအတွက် လိုင်စင်နဲ့ လိုင်စင်ကြီးရယူထားပြီး ကိုရီးယားနိုင်ငံရဲ့ ခွင့်ပြုချက်ရ အေဂျင်စီ ၆ ခုထဲ မပါတဲ့သူတွေအနေနဲ့ တလကို အလုပ်ခေါ်စာတင်ခွင့် အယောက် ၁၀၀ တောင်မရှိသလို၊ လိုင်စင်ကြီးပဲ ရယူထားတဲ့ အေဂျင်စီတွေဆိုရင် အယောက် ၅၀ တောင် မပြည့်တဲ့အနေအထား ဖြစ်နေတာလို့ ပြည်ပလုပ်သားဈေးကွက် ကျွမ်းကျင်သူတွေက တွက်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013