DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် မြန်မာဘက်မှဝင်လာသော ကျားဖြန့်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းမိ 
DVB
·
March 27, 2025
တာ့ခ်ခရိုင်တွင် မြန်မာဘက်မှဝင်လာသော ကျားဖြန့်ဟု ယူဆရသည့် တရုတ်နိုင်ငံသား ၁၈ ဦး ဖမ်းမိ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ်ထဲမှာ မြန်မာဘက်ကနေ တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်ကို လမ်းပြ ၃ ယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မတ် ၂၅ ရက် မနက် ၆ နာရီခွဲလောက်က CIB ဗဟိုရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲ တပ်ဖွဲ့ဝင်တွေဟာ တာ့ခ်ခရိုင်၊ ဝမ်းကျောက်မြို့နယ် ပရဒန်းရပ်ကွက်အပိုင် လမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးစဉ် မီးခိုးရောင် အီဇူးစူးဟိုင်းလပ်စ်ကားတစီးဟာ အမြန်မောင်းနှင်သွားတာ တွေ့ရတယ်၊  အဲဒီကားကို မသင်္ကာလို့ အနောက်ကလိုက်သွားတာမှာ ဘယ်ဘက်ကိုချိုးပြီး တောထဲဝင်သွားတယ်၊ တောလမ်းအတိုင်း ၅၀၀ မီတာခန့်မှာ နောက်ထပ် ကား  ၆ စီး နဲ့  လူ ၂၀ လောက်ကို တွေ့ရှိရတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

တာဝန်ရှိသူတွေ လိုက်လာတာသိတော့ ကား ၃ စီး မောင်းပြေးသွားပြီး လူတချို့လည်း တောထဲ ထွက်ပြေးသွားကြတယ်၊  တရုတ်နိုင်ငံသား ၅ ယောက်နဲ့ လမ်းပြ ထိုင်းတယောက်တို့သာ ဖမ်းမိတယ်၊  တာဝန်ရှိသူတွေက ထွက်ပြေးသူတွေနောက် လိုက်ဖမ်းရာမှာ နောက်ထပ် တရုတ်နိုင်ငံသား ၄ ယောက် ပြန်ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်မှာ တရုတ်နိုင်ငံသား  အမျိုးသား ၈ ယောက်၊ အမျိုးသမီးတယောက်၊ ပေါင်း ၉ ယောက်နဲ့ ထိုင်းလမ်းပြတယောက် စုစုပေါင်း ၁၀ ယောက် ဖမ်းဆီးရမိတယ်။ ဒါ့အပြင် ကား ၄ စီး၊ လက်ကိုင်ဖုန်း ၁၁၀ လုံးနဲ့ ဆင်းကတ် ၂၀၀ ကိုပါ သိမ်းဆည်းရမိတယ်။ သူတို့တွေဟာ တဘက်နိုင်ငံက ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်တယ်၊ ယာဉ်မောင်း ထိုင်းလူမျိုးက သူတို့ကို နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကနေ သွားတင်လာပြီး ကမ်ဖိုင်ဖစ်ကို သွားပို့ဖို့ ပွဲစားက ဆက်သွယ်လာတယ်၊ ကျန်တာတော့ မသိရဘူးလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ပွဲစားနဲ့ တောထဲ ထွက်ပြေးတဲ့သူတွေကို လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မတ် ၂၆ ရက်ကလည်း အဆိုပါဝမ်းကျောက်မြို့နယ်ထဲမှာပဲ နောက်ထပ် တရုတ်နိုင်ငံသား ၉ ယောက်နဲ့ ထိုင်းယာဉ်မောင်း/လမ်းပြ ၂ ယောက်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ။ 

ရာ့ချ်မနူးစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေဟာ မနေ့က ဝမ်းကျောက်မြို့နယ် ဘန့်ထာ့ ထောင်းဒဲန် နဲ့ ဘန့်ဖာမိုင်းရပ်ကွက် နှစ်ခုကြား လမ်းမကြီးပေါ်မှာ စစ်ဆေးရေးဆောင်ရွက်စဉ် မသင်္ကာဖွယ် တိုယိုတာဟိုင်းလပ်စ်ကား ၂ စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာတယ်။ 

စစ်ဆေးရာမှာ ကားနောက်မှာ လဲလျောင်းအနေအထားနဲ့ လိုက်ပါလာတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း  ၉ ယောက်ကို တွေ့ရတယ်၊ ယာဉ်မောင်း/လမ်းပြမှာ ထိုင်းအမျိုးသားတယောက်နဲ့  အမျိုးသမီးတယောက်တို့ ဖြစ်ပြီး သူတို့ကို နယ်စပ်ကနေ တာ့ခ်မြို့ထဲ ပို့ဆောင်ပေးဖို့ တဦးလျှင် ဘတ် ၇၀၀ နှုန်းနဲ့ တင်ဆောင်လာတာလို့ ဆိုပါတယ်။ 

သူတို့ဟာ ၂၅ ရက်နေ့က ဖမ်းမိတဲ့အဖွဲ့နဲ့ ဆက်စပ်မှုရှိ၊ မရှိ ဆက်လက်စစ်ဆေးနေပြီး လမ်းပြတွေကိုလည်း လဝကဥပဒေနဲ့အရေးယူသွားမယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။ 

Source # Bright TV / CH3 Plus News / AEC Asean Thai News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013