DVB Logo
Home
နိုင်ငံတကာ
Signal ဂရုအကြောင်းဖွင့်ချသည့် ဂျာနယ်လစ်ကို "တကယ့်အရှုပ်ထုပ်"ဟု ထရမ့်ပ်ဝေဖန်
DVB
·
March 27, 2025
Signal ဂရုအကြောင်းဖွင့်ချသည့် ဂျာနယ်လစ်ကို "တကယ့်အရှုပ်ထုပ်"ဟု ထရမ့်ပ်ဝေဖန်
Donate to DVB

အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေရဲ့ Signal Group Chat အကြောင်း  ဖွင့်ချခဲ့တဲ့ The Atlantic မဂ္ဂဇင်း အယ်ဒီတာချုပ်ကို "တကယ့်အရှုပ်ထုပ်" (total sleazebag) လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။ 

ယီမင်နိုင်ငံက ဟူသီတပ်ဖွဲ့တွေအပေါ် ဆင်နွှဲမဲ့ စစ်ဆင်ရေးအကြောင်းကို အများသုံးတဲ့ Signal အက်ပလီကေးရှင်းသုံးပြီး ပြောဆိုနေကြတာ၊ အဲဒီလို ဂရုထဲကို အပြင်လူတယောက် ဖြစ်တဲ့ ဂျာနယ်လစ်ကို မှားထည့်ခဲ့တာတွေအတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ပ် အပါအဝင် အိမ်ဖြူတော်တာဝန်ရှိသူတွေကတော့ ဖွင့်ချတဲ့ ဂျာနယ်လစ်ကိုပဲ ပစ်မှတ်ထား ဝေဖန်နေကြပါတယ်။ 

Atlantic မဂ္ဂဇင်းရဲ့ သတင်းတင်ဆက်မှုဟာ  မကြိုက်တဲ့လူကို စုန်းလို့ ယိုးစွပ်သလိုမျိုး အပစ်ရှာတိုက်ခိုက်မှုသာဖြစ်ပြီး ဒီမဂ္ဂဇင်းဟာလည်း မအောင်မြင်တဲ့ မဂ္ဂဇင်းလို့ ထရမ့်ပ်က ဝေဖန်ပါတယ်။ 

ဒီဂရုအကြောင်း ဖွင့်ချခဲ့တဲ့ အယ်ဒီတာချုပ် ဂျက်ဖရီဂိုးလ်ဘာ့ဂျ်က ကာကွယ်ရေးဝန်ကြီး  ပိသ်ဟက်ဆက်ဂ် ပြောဆိုထားတဲ့ စာတွေကို ထပ်မံဖွင့်ချခဲ့ပါတယ်။ အဲဒီမှာ ယီမင်မှာ အမေရိကန်က စစ်ဆင်ရေးမလုပ်မီ အသေးစိတ်အချိန်ဇယား၊ တပ်ဖွဲ့ဝင်အချက်အလက်တွေလို အရေးကြီးအချက်အလက်တွေ ပါဝင်ပါတယ်။ 

ကနဦး ဖွင့်ချမှုဟာ ဂိုးလ်ဘာ့ဂျ်က အဲဒီလိုမျိုးအသေးစိတ်အချက်အလက်တွေ ချမပြခဲ့ပါဘူး။  လျှို့ဝှက်အချက်အလက်တွေပါတယ်လို့ သူက လိမ်ပြောနေပါတယ်လို့ ထရမ့်ပ်အစိုးရက စွပ်စွဲခဲ့တာကြောင့်သာ အခုလိုမျိုး ထပ်မံမျှဝေရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒီလို မက်ဆေ့ဂျ် အသစ်တွေ ထပ်ချပြပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ သိပ်အရေးမကြီးဘူးဆိုတဲ့ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲထားပါတယ်။ ဒါပေမဲ့ ထရမ့်ပ်အပါအဝင်ထိပ်တန်းပုဂ္ဂိုလ်အချို့ကတော့ အမှားအယွင်းရှိခဲ့တာကို ဝန်ခံထားပါတယ်။  

ဂိုးလ်ဘာ့ဂျ်ကို ဂရုထဲ မှားထဲ့ခဲ့တဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇက “ဒီအတွက် တာဝန်ယူတယ်လို့ ပြောကြောင်း” ထရမ့်ပ်က ပြန်ပြောပြပါတယ်။  

ဂရုထဲမှာ စစ်ဆင်ရေးအသေးစိတ်ချရေးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကိုတော့ ထရမ့်ပ်က အပြစ်မပြောခဲ့သလို၊ ဒီကိစ္စ စိတ်အနှောင့်အယှက်မဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ထရမ့်ပ်အစိုးရဟာ “ကြီးမားတဲ့ အမျိုးသားလုံခြုံရေးကျိုးပေါက်မှုကြီး ဖြစ်သွားတယ်၊ အဲဒီဟာကို ပြင်ဆင်သင့်တယ်ဆိုတာကို ဝန်ခံမယ့်အစား" ဂျာနယ်လစ်ကိုပဲ ထိုးချဖို့ ကြိုးစားနေတာလို့ ဂိုးလ်ဘာ့ဂျ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဟက်ဆက်ဂ်ကတော့ "သူချရေးတဲ့ဟာက စစ်ရေးအစီအစဉ် (War Plan) မဟုတ်ကြောင်း။ တပ်ဖွဲ့တွေ၊ တည်နေရာတွေ၊ လမ်းကြောင်းတွေ၊ ပျံသန်းမှုလမ်းကြောင်းတွေ၊ ရင်းမြစ်တွေ၊ နည်းလမ်းတွ၊ လျှို့ဝှက်သတင်းအချက်အလက်တွေ မပါကြောင်း ထပ်မံချေပထားပါတယ်။ 

နောက်ဆုံးရအခြေအနေကို အသိပေးရတာက သူ့အလုပ်ဖြစ်တဲ့အတွက် ဘာဖြစ်နေပြီဆိုတာ အသိပေးတာသာဖြစ်ကြောင်းလည်း ပြောထားပါတယ်။ 

ဒါပေမဲ့ စစ်ရေးကျွမ်းကျင်သူတွနဲ့ထောက်လှမ်းရေးအသိုက်အဝန်းက ဝါရင့်ပုဂ္ဂိုလ်တွေကတော့ ဒီလိုမျိုး ပုဂ္ဂလိက မက်ဆေ့ဂျ် အက်ပ် တခုမှာ  ဘယ်တော့မှ ဒါမျိုးအချက်အလက် မမျှဝေသင့်ကြောင်း သုံးသပ်ကြပါတယ်။ 

စစ်ရေး အစီအစဉ်  (War Plan) မဟုတ်ဘဲ တိုက်ခိုက်ရေး အစီအစဉ် (Attack Plan) သာဖြစ်လို့ အရေးမကြီးဘူးလို့ တာဝန်ရှိသူတွေက ဖြေရှင်းနေပေမဲ့ တကယ်တမ်းမှာ Attack Plan ကတောင် ပို ထိလွယ်ရှလွယ်ရှိတယ်လို့လည်း ထောက်ပြကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013