DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားတောမီး ငြှိမ်းသတ်နေသည့် ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်မှူး သေဆုံး
DVB
·
March 27, 2025
တောင်ကိုရီးယားတောမီး ငြှိမ်းသတ်နေသည့် ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်မှူး သေဆုံး
Donate to DVB

တောင်ကိုရီးယားမှာ အပြင်းအထန် လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်တစင်း မတ် ၂၆ ရက်မှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မှူး သေဆုံးခဲ့တယ်လို့ မီးသတ်ဌာနက AFP သတင်းဌာနကို ပြောပါတယ်။

ဂျောင်းဘွတ်ခ် မီးသတ်ဌာန တာဝန်ရှိသူတယောက်က “တောမီးကို ငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်တစင်း ယွီဆောင်မြို့နယ်မှာရှိတဲ့ တောင်တန်းတခုပေါ်မှာ ပျက်ကျခဲ့ပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားတဲ့ လေယာဉ်မှူးတယောက်ရှိတယ်လို့ ကျနော်တို့ဆီ အကြောင်းကြားထားပါတယ်လို့လည်း  ပြောပါတယ်။

ရဟတ်ယာဉ်တစီး ပျက်ကျပြီးတဲ့နောက် မီးငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်တွေကို ရပ်နားထားရတယ်လို့ သစ်တောရေးရာဌာနကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

လူအသေအပျောက်များတဲ့ တောမီးက အမြန်ကူးစက်ခဲ့ပြီး ဒေသခံ ၂၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

လေပြင်းတိုက်ခတ်မှုနဲ့ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် တောမီးက ရပ်ကွက်တခုလုံးကို မီးလောင်ကျွမ်းခဲ့တာပါ။

ကျောင်းတွေပိတ်ထားရပြီး အာဏာပိုင်တွေက ရာချီတဲ့ အကျဉ်းသားတွေကို အကျဉ်းထောင်တွေကနေ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

တောမီးလောင်ကျွမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာ၊ မီးသတ်သမားနဲ့ စစ်သား ထောင်ပေါင်းများစွာကို ဖြန့်ကျက် တာဝန်ချထားခဲ့ရပါတယ်။

တောမီးကြောင့် မတ် ၂၆ ရက်ထိ လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ၂၇,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တောင်ကိုရီးယားအစိုးရက ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013