Home
မြန်မာသတင်း
လေးမျက်နှာတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၁၅ ဦး ပြန်အဖမ်းခံရ
DVB
·
March 26, 2025
photo: KL

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တိုက်ပွဲကနေ လက်နက်တွေနဲ့အတူ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက် ပြန်လည်အဖမ်းခံလိုက်ရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်ဟာ မတ် ၂၄ ရက် ညနေပိုင်းက လေးမျက်နှာမြို့နယ် ပုသိမ်- မုံရွာလမ်းအနီး ဂိတ်ကင်းရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး ပြန်လည် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က ''ထွက်ပြေးလာတဲ့သူတွေထဲ ဒဏ်ရာရစစ်သားတွေ လည်းပါတယ်။ ရဲတွေနဲ့ထိပ်တိုက်တွေ့တာ။ လက်နက်တွေ ပါလာတာ။ ပစ်ခတ်တဲ့အထိ ဖြစ်တော့မလို့ တပ်ဆုတ်ရင်း လမ်းမှားလာတာလို့ပြောတာ့မှ ပြေလည်သွားတာ” လို့ ပြောပါတယ်။

ထွက်ပြေးပြီး ပြန်အဖမ်းခံရတဲ့ စစ်ကောင်စီ တပ်သား ၁၅ ယောက်ဟာ မော်လမြိုင်ကျွန်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ၅၃၄ ကနေ လေးမျက်နှာမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တို့အကြား တိုက်တွေအတွက် စေလွှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

လေးမျက်နှာဒေသခံတယောက်က ''စစ်သားတွေတော့ ပြန်ခေါ်လိုက် လာပို့လိုက်လုပ်နေတာ တွေ့ရတယ်။ တိုက်ပွဲဖြစ်နေတယ် ဆိုတော့ တိုက်ပွဲကိစ္စပဲ အာရုံရောက်ပြီး ကြောက်နေတာ” လို့ ပြောပါတယ်။

ပြန်လည်ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်ကို အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့အခြေစိုက် စစ်အခြေခံ လေ့ကျင့်ရေးတပ်အမှတ် ၅ ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခမရ ၅၃၄ တပ်က တပ်ရေးဗိုလ်ကြီးတယောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်စစ်ဆင်ရေးကို ပြောင်းရွှေ့ခံရပြီးနောက် ထွက်ပြေးသွားခဲ့ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024