DVB Logo
Home
မြန်မာသတင်း
ပုသိမ်အခြေစိုက် ခလရ ၃၈ က တပ်သား ၃ ဦးထွက်ပြေး၊ ၁ ဦး ပြန်အဖမ်းခံရ 
DVB
·
January 24, 2026
ပုသိမ်အခြေစိုက် ခလရ ၃၈ က တပ်သား ၃ ဦးထွက်ပြေး၊ ၁ ဦး ပြန်အဖမ်းခံရ 
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက်၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၈ ခြေလျင် တပ်ရင်းကနေ ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းက တပ်သား ၃ ယောက် ထွက်ပြေးခဲ့တာမှာ တယောက်ပြန်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ခလရ ၃၈ က တပ်သား ၃ ယောက်ဟာ ဇန်နဝါရီ ၂၁ ရက်မနက်အစောပိုင်းက ထွက်ပြေးခဲ့ရာမှာ တယောက်ကို ရန်ကုန်မြို့အဝင် ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ပြန်ဖမ်းမိခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

"ခလရ ၃၈ က တပ်သား ၃ ယောက်ထွက်ပြေးတာ ပုသိမ်မှာ စစ်တပ်က ပိုက်စိပ်တိုက်ရှာတာ မတွေ့ဘူး။ တယောက်ကို ပန်တိုင်တိုးဂိတ်မှာ မနေ့က ပြန်မိသွားတယ်။"

ခလရ ၃၈ က ထွက်ပြေးကြသူတွေကတော့ တပ်သား ဝင်းသူအောင်၊ ငြိမ်းချမ်းစိုးနဲ့ ကျော်မြင့်တို့ ဖြစ်ကြပြီး ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီမှာ တပ်သား ငြိမ်းချမ်းစိုးကို ပန်တိုင်စစ်ဆေးရေးဂိတ်မှာ ပြန်ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မကြာခဏ ရှေ့တန်းထွက်နေရတဲ့ ခလရ ၃၈ တပ်ရင်းအနေနဲ့ ထိခိုက်ဒဏ်ရာရစစ်သည်တွေကို ထောက်ပံ့တာမရှိဘဲ ကျန်းမာရေးပြန်ကောင်းရင် စစ်ဆင်ရေးတာဝန်တွေပြန်ပေးတာကြောင့် အခုလိုထွက်ပြေးကြတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကတည်းက ရခိုင်ကို ခလရ ၃၆ နဲ ခလရ ၃၈ ကိုပဲ ပို့နေတာ သေတဲ့သူများသလို ဒဏ် ရာရပြီး ဆေးကုသလို့ ပြန်ကောင်းရင် စစ်ဆင်ရေးတာဝန်ပြန်ပေးတယ် ဒါကြောင့် မခံနိုင်တဲ့ အဆုံးထွက်ပြေးတာ။”

၂၀၂၅ ခုနှစ် အစောပိုင်းက အာရက္ခတပ်တော် (AA) နဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ဧရာဝတီတိုင်း အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ ၃၆၊ ခလရ  ၃၈၊ ခလရ ၉၃၊ ခလရ ၂၇၁၊ ခမရ ၃၀၈ နဲ့ အမတ ၃၄၄ က အရာရှိစစ်သည်များစွာ သေဆုံးပြီး ထွက်ပြေးခဲ့သူ အများအပြားရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013