DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ထိုးစစ်ကြောင့် တောင်ခမ်းအနီး နေရာအချို့ကို TNLA လက်လွှတ်လိုက်ရ
DVB
·
March 26, 2025
စစ်ကောင်စီ ထိုးစစ်ကြောင့် တောင်ခမ်းအနီး နေရာအချို့ကို TNLA လက်လွှတ်လိုက်ရ
Donate to DVB

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီတပ်က အင်အားအလုံး အရင်းသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တောင်ခမ်းအနီးတဝိုက်က ရွာတွေမှာ တပ်စွဲထားတဲ့ နေရာအချို့ကို လက်လွှတ်ထားရတယ်လို့ TNLA သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်က တောင်ခမ်းမှာရှိတဲ့ အမြောက်တပ်တွေကို ပြန်လည်ရယူပြီးနောက် နောင်ချိုမြို့ကို  ပြန်လည်သိမ်းပိုက်ဖို့အတွက် ဒရုန်း လက်နက်ကြီး၊ လေကြာင်းပစ်ကူ၊ စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် TNLA တပ်စွဲထားတဲ့ နေရာတချို့ကို လက်လွှတ်ပေးလိုက်ရတာကြောင့် နောင်ချိုမြို့အနီးက နေရာတချို့မှာ ခံစစ်ပြင်နေရတယ်လို့ TNLA သတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ကောင်စီဘက်က လူအင်အား၊ လက်နက်အင်အား သာလွန်နေတော့ တဖြည်းဖြည်း ဆုတ်ပေးနေရတယ်။ သူတို့ကလည်း တဖြည်းဖြည်းတိုးလာတယ်။ နောင်ချိုကို ပြန်သိမ်းဖို့အတွက် ထိုးစစ်ဆင်နေတာလို့ ယူဆနိုင်တယ်။”

စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချို-တောင်ခမ်း-အုမ္မသီးဘက်တွေမှာ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီး လက်နက်ကြီး ပစ်ကူပေးနိုင်တဲ့ တိမ်ပင်လယ်ဗျူဟာကုန်းကိုတော့ စစ်ကောင်စီက နေရာပြန်ဝင်ယူသွားနိုင်ပြီလို့ သိရပါတယ်။

စစ်ကောင်စီဟာ စစ်ရေးအရ အရေးပါပြီး စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့ အလှမ်းမဝေးတဲ့ တောင်ခမ်းက အမြောက်တပ်တွေကို လူအင်အား၊ လက်နက်အင်အား အများအပြားပို့ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့် နောင်ချိုကို ပြန်လည်ခြိမ်းခြောက်လာနိုင်ခဲ့ ပါတယ်။

TNLA သတင်းအရင်းမြစ်က “အမြောက်တပ်တွေ သိမ်းသွားနိုင်တာက တော်တော်လေး ဒုက္ခများတယ်။ လက်ရှိ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နောက်ထပ်နေရာတွေ ထပ်ပြီး လက်လွှတ်ရမယ်ဆိုရင် နောင်ချိုမှာ တကျော့ပြန်တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်”လို့ ထပ်ပြောပါတယ်။

TNLA ဟာ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလက စစ်ကောင်စီနဲ့ ဆွေးနွေးပြီးနောက် သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အမြောက်တပ် ၂ ခု ကနေ ပြန်လည်ဆုတ်ခွာခဲ့ရသလို လက်ရှိမှာလည်း နောင်ချိုမြို့အနားအထိ တဖြည်းဖြည်း ဆုတ်ခွာနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013