DVB Logo
Home
အားကစား
ဘလတ္တာနှင့် ပလာတီနီတို့ကို လာဘ်စားမှု ကင်းရှင်းကြောင်း တရားရုံး ဆုံးဖြတ်
DVB
·
March 26, 2025
ဘလတ္တာနှင့် ပလာတီနီတို့ကို လာဘ်စားမှု ကင်းရှင်းကြောင်း တရားရုံး ဆုံးဖြတ်
Donate to DVB

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ပလာတီနီတို့ ၂ ယောက်ကို လာဘ်စားမှုနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ဆွစ်ဇာလန်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

၂ နှစ်ခွဲကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် သူတို့ ၂ ယောက်ကို စွပ်စွဲထားတဲ့  လာဘ်စားမှုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး အပြစ်မရှိကြောင်း တရားရုံးကဆုံးဖြတ်ခဲ့တာပါ။

ဘလတ္တာနဲ့ ပလာတီနီတို့ဟာ တချိန်က ကမ္ဘာ့ဘောလုံးလောကမှာ ထင်ရှားတဲ့သူတွေ ဖြစ်ကြပြီး စွပ်စွဲမှုတွေကို မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ကြပါတယ်။ 

သူတို့ ၂ ယောက်ဟာ  ဆွစ်ဇာလန်ငွေ ၂ သန်း လာဘ်ပေးလာဘ်ယူ ပြုလုပ်ခဲ့တယ်လို့  ၂၀၁၁ ခုနှစ်မှာ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဘလတ္တာက  “၁၀ နှစ်ကျော် ခံစားခဲ့ရတဲ့ ဒီဖိအားတွေကနေ ကင်းဝေးသွားပြီဖြစ်လို့ ကျနော် ပျော်ပါတယ်” လို့ တရားရုံးကအထွက် မီဒီယာတွေနဲ့တွေ့ချိန် ပြောပါတယ်။

ဘလတ္တာဟာ ဆွစ်ဇာလန်အတွက် စီးပွားရေးနဲ့ အားကစားဆိုင်ရာ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၇၅ ခုနှစ်မှာ ဖီဖာမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူပါ။ တဖြည်းဖြည်းနဲ့ ရာထူးတွေ အဆင့်မြင့်လာခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ ဖီဖာအထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ကာ ၁၉၉၈ ခုနှစ်မှာ ဖီဖာဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်က ဘလတ္တာက ပေါင် ၁ သန်းခွဲ ပလာတီနီကို လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှုဖြစ်ပြီး သူတို့ နှစ်ယောက်စလုံးက အခိုင်အမာ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ သူတို့နှစ်ယောက်ကို လိမ်လည်မှုနဲ့ တရားစွဲခဲ့ပေမဲ့ ဆွစ်ဇာလန်တရားရုံးက အယူခံဝင်ခွင့်အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ်က စတင်ခဲ့တဲ့ ဒီအမှုဟာ ဖီဖာကို လာဘ်စားမှုနဲ့ စွပ်စွဲခံရပြီးနောက် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သမိုင်းတလျှောက် အကြီးမားဆုံး အမည်းစက်ဖြစ်ပြီး ဖီဖာ တာဝန်ရှိသူတွေနဲ့ အစိုးရအဖွဲ့ကြား မသမာမှု၊ လာဘ်စားမှု၊ တရားမဝင်မှုနဲ့ ငွေကြေးခဝါချတဲ့ အမှုတွေ များစွာ ပါဝင်ခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေကပဲ ဘလတ္တာကို ဖီဖာဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ဖို့ တွန်းအားဖြစ်စေခဲ့သလို ပလာတီနီအတွက်လည်း ဖီဖာ ဥက္ကဋ္ဌရာထူး ရယူနိုင်ရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ပါတယ်။ 

ဆွစ်ဇာလန်တရားရုံးက ပလာတီနီကို လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ပလာတီနီဟာ ၁၉၉၈ ခုနှစ်က ဘလတ္တာရဲ့ အတိုင်ပင်ခံအဖြစ် အလုပ်လုပ်ခဲ့ဖူးပြီး အဲဒီအချိန်က ဖီဖာမှာ အဲဒီလောက်များတဲ့ ငွေပမာဏမရှိဘူးလို့ ဘလတ္တာက ထွက်ဆိုထားပါတယ်။ 

သူတို့နှစ်ဦးဟာ အဲဒီအချိန်က ၁ နှစ်လုပ်ခ ဆွစ်ဇာလန်ငွေ ၃၀၀,၀၀၀ နဲ့ သဘောတူခဲ့ ကြတာဖြစ်ပြီး အလုပ်ပြီးမှ ပေးချေဖို့လည်း သတ်မှတ်ခဲ့ပါတယ်။ 

ပလာတီနီက “ဒီနေ့ဟာ ကျနော့်ရဲ့ ဂုဏ်သိက္ခာတွေ ပြန်ရတဲ့နေ့ဖြစ်လို့ ပျော်ပါတယ်။ စိတ်ဖိစီးမှုတွေလည်း ကုန်ဆုံးသွားပါပြီ” လို့ ပြောပါတယ်။ 

ပလာတီနီရဲ့ ရှေ့နေကတော့ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ သူတို့ စီစဉ်နေပါတယ်လို့ ပြောပါတယ်။ 

ပလာတီနီ ဟာ ကစားသမားဘဝတလျှောက် ဘလွန်းဒီအောဆု ၃ ကြိမ် ရရှိခဲ့သူဖြစ်ပြီး ပြင်သစ်အသင်းနဲ့အတူ ၁၉၈၄ ခုနှစ်က ဥရောပဖလား ရယူပေးခဲ့သူ ဖြစ်ပါတယ်။ 

ပလာတီနီ ဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ၁၉၈၅ ခုနှစ်မှာ ဥရောပဖလားရခဲ့ဖူးကာ ပြင်သစ်အသင်းကိုလည်း နည်းပြခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ပါလာတီနီဟာ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013