DVB Logo
Home
အားကစား
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို၏လုပ်ရပ် Super League ထက်ဆိုးရွားဟု UEFA ဥက္ကဋ္ဌ ဝေဖန်
DVB
·
August 24, 2026
Photo: Benoît Tessier/Reuters
Photo: Benoît Tessier/Reuters
Donate to DVB

ဥရောပဘောလုံးအဖွဲချုပ် (UEFA) ဥက္ကဋ္ဌ အလက်ဇန်းဒါးဆီဖာရင်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုရဲ့ လုပ်ရပ်အပေါ်  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှယ်ယာတွေကို ရောင်းချဖို့ ကြိုးစားခဲ့တဲ့ အစီအစဉ်ဟာ ဘောလုံးလောကရဲ့ အနာဂတ်အတွက် အန္တရာယ်ရှိတယ်လို့ ဆီဖာရင်က သုံးသပ်ပါတယ်။

ဆီဖာရင်က အင်ဖန်တီနိုရဲ့ ဒီအစီအစဉ်ကို “Super League ထက်တောင် ပိုဆိုးတယ်” လို့ တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ 

Super League ဆိုတာကလည်း ဥရောပထိပ်တန်းကလပ်အသင်းတွေ စုပေါင်းပြီး သီးခြားပြိုင်ပွဲတခု ဖန်တီးဖို့ ကြိုးစားခဲ့တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

အဲဒီတုန်းကလည်း ဘောလုံးပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခု အင်ဖန်တီနိုရဲ့ လုပ်ရပ်ကလည်း အလားတူ ဝေဖန်မှုတွေ ထွက်ပေါ်လာနိုင်တယ်လို့ ဆီဖာရင်က သတိပေးလိုက်တာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013