DVB Logo
Home
မြန်မာသတင်း
နောင်ချို၊ ရွှေဧရာတိမ်ပင်လယ် View point ကို စစ်ကောင်စီတပ် ပြန်သိမ်း
DVB
·
March 26, 2025
နောင်ချို၊ ရွှေဧရာတိမ်ပင်လယ် View point ကို စစ်ကောင်စီတပ် ပြန်သိမ်း
1 / 6
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ TNLA တွေ သိမ်းပိုက်ထားတဲ့ ရွှေဧရာတိမ်ပင်လယ် View point နေရာကို မတ် ၂၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီဘက်က ပြန်လည်သိမ်းလိုက်းကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံ အမျိုးသမီး တယောက်က  "ရွှေဧရာတိမ်ပင်လယ်ကို စစ်ကောင်စီ ဘက်က ပြန်သိမ်း လိုက်တယ်လို့ ကြားနေတယ်။ တောင်ခမ်းနဲ့ နီးတဲ့ ဘက်ခြမ်းက တိမ်ပင်လယ်။ ဒုတ္ထဝတီမြစ် နားဘက်လေ။ သုံးဆယ်ဘက်တော့ ကိုးကန့် စစ်သားတွေ ရောက်လာနေပြီ" လို့ ပြောပါတယ်။ 

အုမ္မတီးဘက်ကိုတော့ စစ်ကောင်စီတပ်တွေက နေ့တိုင်းနီးပါး တိုက်ခိုက်နေတာ တွေ့ရပေမဲ့ ပြန်ရတာမျိုးတော့ မရှိသေးပါဘူး

ဒေသခံ အမျိုးသားတယောက်က "TNLA ဘက်က အဲဒီ တိမ်ပင်လယ်ကြည့်တဲ့ နေရာမှာ တပ်စခန်း ပုံစံလုပ်ထားတာ ဟုတ်ပါတယ်။ အခု နောင်ချိုဘက် ထိုးစစ် စဆင်ဖို့ လုပ်နေတဲ့ သဘောတွေ့ရပါတယ်" လို့ ပြောပါတယ်။ 

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွေမှာလည်း မတ် ၂၅ ရက် မွန်းလွဲပိုင်းမှာ TNLA ရဲ့ ရွှေဧရာ တိမ်ပင်လယ်စခန်းကို သိမ်းပိုက်ရရှိထားကြောင်း မှတ်တမ်း ဗွီယိုဖိုင်၊ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြထားပါတယ်။ 

TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနကတော့ ရွှေဧရာတိမ်ပင်လယ်စခန်း လက်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ 

နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်စခန်း အများစုကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြောက်ပိုင်းမဟာမိတ်ညီနောင်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အပိုင်းမှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013