DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး  ၆ ဦး သေဆုံး
DVB
·
March 26, 2025
နတ်တလင်းမြို့နယ်၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး  ၆ ဦး သေဆုံး
1 / 2
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တောင်ညိုလေးဆည်ဝန်းကျင်ရှိ ကျေးရွာတွေကို မတ် ၂၄ ရက်က နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီ ၆ ယောက် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် အဖွဲ့ဆီက သိရပါတယ်။

မတ် ၂၄ ရက် မနက် ၈ နာရီလောက်က  လယ်မအင်းရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၇၀ လောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲပြီး  လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးနေချိန် အနီးကပ် အလစ်ငိုက်ချောင်းမြောင်းပစ်ခတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ နတ်စစ်သည် တပ်ဖွဲ့မှူး နတ်မင်းက ပြောပါတယ်။

“ဘုန်းကြီးကျောင်းနားမှာ ကင်းဝပ်နေတဲ့ စစ်သား ၅ ယောက်ကို ကျနော်တို့ ရဲဘော်တွေ အလစ်ဝင်ပစ်တာ၊ ကိုက် ၁၀၀ လောက်ပဲဝေးတယ်။ အဲဒီမှာ ၃ ယောက်က သေသွားတယ်။ ၂ ယောက်က ဒဏ်ရာရသွားတယ်။ ၃ မိနစ်လောက်ပဲကြာတယ်၊ ပစ်ပြီးကျနော်တို့ပြန်ဆုတ်လာတာ၊ အဲတော့မှ  သူတို့ဘက်က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေလုပ်တယ်။ ကျနော်တို့ အဝေးရောက်သွားတော့ ထိခိုက်မိတာမရှိပါဘူး။”

အထိနာသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မတ် ၂၄ ရက် ညနေ‌ပိုင်းမှာ ဆက်လက်စစ်ကြောင်းထိုးလာချိန်  ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  တပ်ဖွဲ့မှူးနတ်မင်းက ပြောဆိုပါတယ်။

“ကျနော်တို့က ဒီကောင်တွေ လိုက်လာမယ်ဆိုတာသိလို့ လယ်မအင်းရွာ အနီးမှာပဲ မိုင်းကွင်းလုပ်ထားတာ။ ကျနော်တို့ မိုင်းကွင်းထဲရောက်တော့ မိုင်း ၃ လုံးဆွဲလိုက်တာ၊ သတင်းပေးတွေဆီက သိရတာတော့ ၃ ယောက်သေသွားတယ်၊ အဲဒီထဲ ဗိုလ်မှူးတယောက် ပါတယ်ပြောတယ်။ အဲဒါနဲ့ တပ်ကိုချက်ချင်း ပြန်ဆုတ်သွားတယ်။”

အခုစစ်ဆင်ရေးမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်နဲ့  တပ်ခွဲ ၄ Bamar Revolution Army - BRA အဖွဲ့က ရဲဘော်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013