
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးနဲ့ သူ့မိသားစုဆီက ခိုလှုံခွင့်လျှောက်ထားမှု တစုံတရာကို လက်ခံရရှိမထားဘူးလို့ တရုတ်အစိုးရက မတ် ၂၄ ရက်မှာ ပြောပါတယ်။
ဒူတာတေးရဲ့ လျှောက်ထားချက်ကို တရုတ်ပြည်မကြီးအစိုးရက ပယ်ချခြင်း ရှိ၊ မရှိ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကို့ကျားကျွင်းက တုံ့ပြန် ဖြေဆိုလိုက်တာပါ။
ဒူတာတေးရဲ့ သမ္မတသက်တမ်းကို သတ်မှတ်ပေးတဲ့ မူးယစ်ဆေးဝါး စစ်ပွဲဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (ICC) ရဲ့ တောင်းဆိုချက်အရ ဟောင်ကောင်ကနေ ပြန်လာတဲ့ ဒူဒါတေးဟာ ဖိလစ်ပိုင်မြို့တော်က မနီလာလေဆိပ်မှာ မတ် ၁၁ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။
ဒူတာတေးရဲ့ ဟောင်ကောင်ခရီးစဉ်ဟာ ကိုယ်ရေးကိုယ်တာ အလည်အပတ်ခရီးစဉ် ဖြစ်တယ်လို့ ကို့ကျားကျွင်းက တရုတ်မြို့တော် ပေကျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
Source : Reuters