DVB Logo
Home
မြန်မာသတင်း
ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၁၆ လုံး ကြဲချ
DVB
·
March 25, 2025
ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၁၆ လုံး ကြဲချ
Donate to DVB

မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ ခလယ်ဒေးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။ 
မတ် ၂၁ ရက်ကစတင်ပြီး မြန်မာ-ထိုင်းနယ်စပ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ KNLA ပူးပေါင်းတပ်ဘက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကနေ KNU ဗဟို ဌာနချုပ်ကို မကြာခဏဆိုသလို ဒရုန်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် အခုလို ခလယ်ဒေးတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ပဒိုစောသမိန်ထွန်းက  “ခလယ်ဒေးစခန်းက ဒရုန်းနဲ့လာပစ်တာတို့ လုပ်တယ်။ ဒီကရဲဘော်တွေက သွားရှင်းတော့ လေယာဉ်ပျံနဲ့ ဗုံးချတာ။ ကျနော် အားလုံးလိုက်လံစုံစမ်းတော့ တနေ့တည်းချသွားတာ ၁၆ လုံးလောက်ရှိတယ်။ ဒါပေမဲ့ အထိအခိုက်မရှိဘူးလို့တော့ ပြောတယ်။ ပေါင် ၅၀၀ ဗုံးက ချတာ တော်တော်များတယ်တဲ့။ သိမ်းဖို့တော့ အစီအစဉ်ရှိတယ်။ ဒီကနေ့ လှုပ်ရှားမလား၊ မလှုပ်ရှားဘူးလား ကျနော်လည်း မသိသေးဘူး။  ရန်သူကတော့ ဘာမှ မလှုပ်ရှားသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာလည်း  စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်း သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ဂျက်ဖိုက်တာအပြင် Y21 လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၅၀ ကျော်ဟာ ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်မြို့နယ်၊ မဲ့ဆောင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်ပြီး ယာယီခိုလှုံနေရပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင်း ထွက်ပြေးတိမ်းရှောင်သူတွေထဲ အမျိုးသမီး နဲ့ ကလေးတွေဟာ တခြားသူတွေထက် ပိုခက်ခဲတယ်လို့ ကရင်အမျိုးသမီး အစည်းအရုံး တွဲဖက်အတွင်းရေးမှူး ၂  နော်အဲ့တမွီဖော  က ပြောပါတယ်။

“စစ်ကောင်စီက ကျမတို့ဖြတ်သန်းရတဲ့ တလျှောက်မှာ သူတို့က လူအင်အားနဲ့တိုက်လို့မနိုင်ဘူး။  ပြီးရင် သူတို့ ဆုံးရှုံးမှုများလာပြီဆိုရင် ပြောရမယ်ဆိုရင် သူတို့ရဲ့ပေါ်လစီလား၊ လုပ်ထုံးလုပ်နည်းလို့ ပြောရမလား  ပြည်သူလူထုရှိတဲ့ နေရာမှာရော ပြည်သူလူထုရဲ့ အိုးအိမ်တွေကို ပစ်မှတ်ထားပြီး လုပ်နေကျက ဟိုဘိုးဘွားခေတ်တဲ့က ဒီနေ့အထိအဲလိုမျိုး လုပ်နေတယ်။ သူတို့ရဲ့ လုပ်ရပ်ကတော့  လူအခွင့်အရေးကို ချိုးဖောက်တယ်။ အခုအခြေအနေကလည်း အဓိက အမျိုးသမီး နဲ့ကလေးတွေဟာ တခြားသူတွေထက် ပိုခက်ခဲတယ်။” 

မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်အတွင်း စစ်ကောင်စီက လေကြောင်းအလွန်အကျွံသုံးစွဲခဲ့တာကြောင့် ထိုင်းလေတပ်က ထိုင်းနိုင်ငံနယ်စပ်တလျှောက် လေကြောင်းစောင့်ကြည့်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက်က တပ်မဟာ ၇ နယ်မြေအတွင်းက မာနယ်ပလော ဌာနချုပ်ဟောင်းနေရာကို  KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။   ဒါအပြင် မတ် ၁၄ ရက်နေ့က ပိုင်ကျုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ပွိုင့် ၁၂၄၈ ပူးလူးတူ ခြေကုပ်စခန်းကိုပါ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013