DVB Logo
Home
နိုင်ငံတကာ
အပစ်ရပ်ဆွေးနွေးပွဲ တိုးတက်မှုက နိုင်ငံတကာဆက်ဆံရေး တည်ငြိမ်မှုအတွက် လိုအပ်ဟု ဇလန်းစကီးပြော
DVB
·
March 25, 2025
အပစ်ရပ်ဆွေးနွေးပွဲ တိုးတက်မှုက နိုင်ငံတကာဆက်ဆံရေး တည်ငြိမ်မှုအတွက် လိုအပ်ဟု ဇလန်းစကီးပြော
Donate to DVB

အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ရုရှားကိုယ်စားလှယ်နဲ့ ဆွေးနွေးပြီး နောက်ပိုင်းမှာ ယူကရိန်းနဲ့ အမေရိကန်အဖွဲ့တွေ ထပ်မံတွေ့ဆုံခဲ့ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အာမခံချက်ရှိတဲ့ လုံခြုံရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ လိုအပ်နေပါတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၂၄ ရက်မှာ ပြောပါတယ်။

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဟာ ဆော်ဒီအာရေဗျကို ရောက်ရှိနေတာဖြစ်ပြီး အဲဒီက ဆွေးနွေးမှုတွေ တိုးတက်မှုဟာ ယူကရိန်း၊ ဥရောပ၊ အမေရိကနဲ့ ကမ္ဘာပေါ်က နိုင်ငံတကာဆက်ဆံရေး တည်ငြိမ်မှုကို ရှာဖွေနေတဲ့ လူတိုင်းအတွက် လိုအပ်တဲ့ကိစ္စပါလို့လည်း ဇလန်းစကီးက ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေဟာ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာနိုင်မလား မျှော်လင့်ပြီး ပင်လယ်ပြင်မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အတိအကျ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲဟာ တခြားကိစ္စရပ်တွေအကြားမှာ ပင်လယ်နက်ရေကြောင်းဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဖို့ အာရုံစိုက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲဟာ ၃ နှစ်ကြာစစ်ပွဲကို အဆုံးသတ်မယ့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကြိုးပမ်းမှု ခြေလှမ်းတရပ်အဖြစ် ဝါရှင်တန်က ပုံဖော်ထားပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူမီမြို့မှာ စာသင်ကျောင်းတကျောင်းနဲ့ ဆေးရုံတရုံ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိနေကြောင်း ပြောပါတယ်။

ကလေးငယ် ၁၇ ယောက် အပါအဝင် လူ ၉၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေကြောင်းနဲ့ ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှု၊ အမျိုးသားရဲတပ်ဖွဲ့၊ ဆေးဖက်ဝန်ဆောင်မှုတွေ၊ လူထုဝန်ဆောင်မှုတွေ လုပ်ပေးနေပါတယ်လို့လည်း ဆိုပါတယ်။

ရုရှားနယ်စပ်မှ ကီလိုမီတာ ၃၀ (၁၈ ဒသမ ၆ မိုင်) အကွာမှာရှိတဲ့ ဆူမီဒေသဟာ ရုရှားနိုင်ငံမှ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013