
ရုရှား လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်းတယောက်ကို မတ် ၂၄ ရက်က မြို့တော်မော်စကိုမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း အကျင့်ပျက် ခြစားမှုပပျောက်စေရေး တွန်းအားပေးဖို့ အချက်ပြတဲ့ အမှုတွဲတွေထဲက ပထမဆုံး ရုံးတင်စစ်ဆေးတဲ့ အမှုလည်း ဖြစ်ပါတယ်။
တီမူရ် အီဗန်နော့ဗ်ကို လာဘ်ယူမှု သံသယနဲ့ မနှစ်က ဧပြီလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရူဘယ် ၃ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၃၈ ဒသမ ၃ သန်း) ကျော် အလွဲသုံးစားလုပ်မှုနဲ့ အောက်တိုဘာလမှာ စုံစမ်းစစ်ဆေးသူတွေက စွဲချက်အသစ်တွေ ထပ်တိုးခဲ့ပါတယ်။
အီဗန်နော့ဗ်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ရုရှားက ယူကရိန်းမှာ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့စစ်ဆင်ရေးကို ဆက်လုပ်နေချိန်မှာ ပူတင်က ရုရှားရဲ့ မြင့်တက်လာနေတဲ့ ကာကွယ်ရေး အသုံးစရိတ်ကနေ ရန်ပုံငွေတွေကို ဖြုန်းတီးခြင်း၊ စီမံခန့်ခွဲခြင်းနဲ့ သိမ်းယူခြင်းတို့ကို ဖယ်ရှားဖို့ ပူတင်က ကြိုးစားနေပါတယ်။
လတ်တလော နှစ်တွေအတွင်း စစ်တပ်ကို ထိခိုက်စေမယ့် အကြီးမားဆုံး အရှုပ်တော်ပုံတွေအတွင်း ပြီးခဲ့တဲ့နှစ်မှာ အနည်းဆုံး လူတဒါဇင်လောက် ဖမ်းဆီးခံခဲ့ရပါတယ်။
၂၀၁၆ ခုနှစ်ကတည်းက လက်ထောက်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အီဗန်နော့ဗ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနမှာ အိမ်ခြံမြေ စီမံခန့်ခွဲမှု၊ အိမ်ရာ၊ ဆောက်လုပ်ရေးနဲ့ ပေါင်နှံမှုတွေကို တာဝန်ယူခဲ့ပါတယ်။
သူဟာ သတင်းစာပညာရပ်ဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ဘာသာရပ်နယ်ပယ်က တာဝန်ကို ကြာရှည် ထမ်းဆောင်ခဲ့ပါတယ်။
Source: Reuters