DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် သင်္ကြန်မဏ္ဍပ်များ စဆောက်
DVB
·
March 25, 2025
လားရှိုးတွင် သင်္ကြန်မဏ္ဍပ်များ စဆောက်
Donate to DVB

လားရှိုးကနေ MNDAA တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာနေပြီလို့ သတင်းတွေ ထပ်မံထွက်ပေါ်လာပေမဲ့ သင်္ကြန်ပွဲကျင်းပဖို့ မဏ္ဍပ်တွေ စဆောက်နေပြီလို့ လားရှိုးမြို့ခံတွဆီက သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့ ထပ်မံတွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် MNDAA တပ်တွေ လားရှိုးကနေဆုတ်ခွာနေပြီဆိုတာနဲ့ ဆွေးနွေးမအောင်မြင်တာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ လာမယ့်သင်္ကြန်အတွက် မဏ္ဍပ်တွေ စဆောက်နေပြီလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့ခံတယောက်က “သတင်းတွေကတော့ အမျိုးမျိုးပဲထွက်နေတာ။ ဒါပေမဲ့ မြို့ကတော့ ပုံမှန်အတိုင်းလည်ပတ်နေတုန်းပဲ။ MNDAA ရဲ့ လုံခြုံရေးအဖွဲ့တွေလည်း ရှိနေတုန်းပါ။ ပွဲအခမ်းအနားတွေလည်း တောက်လျှောက်ရှိတယ်။ ထူးထူးခြားခြား အပြောင်းအလဲရယ်လို့တော့ မတွေ့ရသေးပါဘူး။ မဏ္ဍပ်တွေတောင်ဆောက်နေပြီ” လို့ ပြောပါတယ်။ 

အခုအခါ နှစ်ဖက် ဆွေးနွေးပွဲ မအောင်မြင်ဘူးဆိုတဲ့ အကြောင်းအရာတွေနဲ့ စစ်ကောင်စီတပ်တွေ  ပြန်လည်ဝင်ရောက်လာမယ့်အပေါ်မြို့ခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲအခြေအနေကို သေချာမသိရသေးပေမဲ့ မြို့အုပ်ချုပ်ရေးယန္တရားတွေကတော့ ပုံမှန်အတိုင်းလည်ပတ်နေဆဲဖြစ်ပြီး MNDAA ဘက်က တရားဝင်သတင်းထုတ်ပြန်မှသာ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေကို အတည်ပြုနိုင်မယ်လို့ လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“လားရှိုးကနေ တပ်ဆုတ် မဆုတ်တော့ မသိဘူး။ သင်္ကြန်အတွက် အကုန်ပြင်ဆင်နေကြတယ်။ MNDAA က ဘာမှမပြောတော့ ကျနော်တို့လည်း အသေးစိတ်အခြေအနေကိုမသိရဘူး။” 

စစ်ကောင်စီနဲ့ MNDAA တို့ဟာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက တကြိမ်၊ အခုနှစ် ဇန်နဝါရီလမှာ တကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲလုပ်တိုင်းမှာ MNDAA တပ်တွေ လားရှိုးက နေဆုတ်ခွာနေပြီဆိုတဲ့သတင်းတွေ မကြာခဏထွက်ပေါ်နေတာပါ။ 

ဒါ့အပြင် အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ MNDAA တပ်တွေကို မေလနောက်ဆုံးထားပြီး ဆုတ်ခွာဖို့ တရုတ်နိုင်ငံက ဖိအားပေးထားတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013