DVB Logo
Home
နိုင်ငံတကာ
ယီမင်စစ်ဆင်ရေးကိစ္စ ဆွေးနွေးသည့် Signal ဂရုထဲ ဂျာနယ်လစ် ၁ ဦးကို မှားထည့်မိဟု အိမ်ဖြူတော် ဝန်ခံ
DVB
·
March 25, 2025
ယီမင်စစ်ဆင်ရေးကိစ္စ ဆွေးနွေးသည့် Signal ဂရုထဲ ဂျာနယ်လစ် ၁ ဦးကို မှားထည့်မိဟု အိမ်ဖြူတော် ဝန်ခံ
Donate to DVB

ယီမင်နိုင်ငံရှိ ဟူသီတပ်ဖွဲ့တွေကို တိုက်ခိုက်မယ့် အစီအစဉ် ဆွေးနွေးနေကြတဲ့ Signal မက်ဆေ့ဂျ် အက်ပလီကေးရှင်းရဲ့  group chat ထဲ ဂျာနယ်လစ်တယောက်ကို မှားထည့်မိတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ဝန်ခံလိုက်ပါတယ်။

အိမ်ဖြုတော် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ကယ်ဝေါ့ဇ်ရဲ့ အကောင့်ကနေ အဲဒီဂရုထဲဝင်ဖို့ ဖိတ်ခေါ်မှု (invite) ကို မတ် ၁၃ ရက်က လက်ခံရရှိခဲ့တယ်လို့ The Atlantic မဂ္ဂဇင်းအယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဒ်ဘာ့ဂျ်က ပြောပါတယ်။

မတ် ၁၅ ရက်နေ့ ဟူသီတွေအပေါ် အမေရိကန်စစ်ဆင်ရေးမစမီမှာ ကာကွယ်ရေးဝန်ကြီး ဟက်ဆက်ဂ်က  စစ်ဆင်ရေးအသေးစိတ်ကို အဲဒီဂရုထဲ မျှဝေခဲ့တယ်လို့ ဂိုးလ်ဘာ့ဂျ်က ဆိုပါတယ်။

အဲဒီမှာ ပစ်မှတ်တွေ၊ သုံးမယ့် လက်နက်တွေ၊ တိုက်ခိုက်မှု အစီအစဉ်တွေ အသေးစိတ်ပါဝင်ပြီး Signal ကို အဆင်ခြင်မဲ့ သုံးတဲ့လုပ်ရပ်လို့ပါ ဂိုးလ်ဘာ့ဂျ်က သုံးသပ်ပါတယ်။

အဲဒီဂရုထဲမှာ ဒု သမ္မတဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ CIA ဒါရိုက်တာ ဂျွန် ရက်ကလစ်ဖ်၊ အမျိုးသားထောက်လှမ်းရေး ဒါရိုက်တာ တူလ်ဆီ ဂါးဘတ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ အိမ်ဖြူတော် ရုံးအဖွဲ့မှူး ဆူဆီဝိုင်းလ်စ်၊ အမျိုးသားလုံခြုံရေးကောင်စီ ထိပ်တန်းအဖွဲ့ဝင်တွေ ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်လွှတ်တော်က အတည်ပြုခန့်အပ်ထားခြင်းမရှိသေးတဲ့ အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးစင်တာ ညွှန်မှူးလောင်း ဂျိုးကန့် လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်ဂ် ကတော့ “ဘယ်သူမှ စစ်ပွဲ အစီအစဉ်တွေ စာပို့မနေပါဘူး” လို့ ငြင်းထားပါတယ်။

ဒီလိုမျိုး ထရမ့်ပ်ရဲ့ အမျိုးသားလုံခြုံရေးအဖွဲ့က ပိုလုံခြုံတဲ့ အစိုးရဆက်သွယ်ရေးစနစ် မသုံးဘဲ Signal မှာ ဂရုထောင်ပြီး ပြောနေတာရော၊ အခုလို အပြင်လူကို သတိမထားမိဘဲ ထည့်လိုက်တာကရော အင်မတန်ပေါ့ဆတဲ့ လုပ်ရပ်အဖြစ် ဝေဖန်မှုတွေရှိနေပါတယ်။

သမ္မတ ထရမ့်ပ်ကတော့ ဒီ Group Chat အကြောင်း ဘာမှ မသိဘူးလို့ ပြောထားပါတယ်။ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် ချက်ရှူမာကတော့ ဒီလို ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013