DVB Logo
Home
မြန်မာသတင်း
ဇွဲကပင်တောင် မီးလောင်
DVB
·
March 24, 2025
ဇွဲကပင်တောင် မီးလောင်
1 / 6
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင် တောမီးလောင်မှု မတ် ၂၄ ရက် မနက် ၃ နာရီလောက်က စတင်ပြီး မီးညွန့်ကျိုးသွားခဲ့ပြီလို့ မီးငြှိမ်းသတ်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၃ ရက် မနက် ၉ နာရီကျော်လောက်က စတင်ပြီး ဇွဲကပင်တောင် အနောက်ဘက်ခြမ်းကနေ ကျောက်တုံးချင်း ပွတ်တိုက်ရာက တောမီး စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

မီးငြှိမ်းသတ်ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကျောက်တုံးတွေ ပဲ့ကျပြီး ကျောက်တုံးချင်း ကျောက်တုံးချင်း ခတ်ရာကနေပြီးတော့ အနောက်ဘက်ခြမ်းကစပြီး မီးလောင်တာ။ ရှို့မီးတို့ ဘာတို့တော့ မဟုတ်ဘူး။ မနက် ၃ နာရီလောက်မှာ မီးညွန့်စကျိုးတယ်။ ၁ နာရီ ၂ နာရီအထိက ကြောက်ဖို့တော်တော်ကောင်းတယ်”လို့ ပြောပါတယ်။

အခုနှစ်လောင်တဲ့ မီးကကြီးပြီး ဇွဲကပင်တောင် ပတ်ချာလည်လုံးလိုလို မီးလောင်ခဲ့တာဖြစ်ပြီး ကျောက်ဖျာတွေ မီးအပူပြင်းခဲ့ရာ ကွဲ ကွဲပြီး ပြုတ်ထွက်တာတွေက ပိုကြောက်ရတယ်လို့ ဆိုပါတယ်။

ဇွဲကပင်တောင်ဟာ နှစ်စဉ် မီးလောင်မှုဖြစ်ပွားတာကြောင့် ဇွဲကပင်သမိုင်းနဲ့ အလှတရားကို အကျည်းတန် ရုပ်ဆိုးအောင် မပြုလုပ်ကြဖို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံ ပြည်သူတွေကပါ ဇွဲကပင်တောင်ကို ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ဘားအံမြို့နယ်၊ ခရိုင် မီးသတ်ဦးစီဌာန တပ်ဖွဲ့ဝင်တွေ၊ မာဃ(ဘားအံ)လူမှုကူညီရေးအသင်းဝင်တွေက ရေသယ်ယာဉ်တွေနဲ့ မီးသတ်ယာဉ်တွေကို အသုံးပြုပြီး တညလုံး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ်ရဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်ဆံတော်ရှင်ဘုရား တည်ရှိသလို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်တဲ့ အထင်ကရတောင် ဖြစ်ပြီး တောင်ပေါ်ကနေ ဘားအံမြို့အနီးတဝိုက်နဲ့ သံလွင်မြစ်အလှကို တွေ့မြင်ရတဲ့အတွက် နိုင်ငံခြားသား ခရီးသွားတွေ စိတ်အဝင်စားဆုံး တောင်တခု ဖြစ်ပါတယ်။

ကရင်ပြည်နယ်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ ဇွဲကပင်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့ရဲ့ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးမှာ တည်ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013