DVB Logo
Home
မြန်မာသတင်း
တွံတေး ပကဖ က စတုတ္ထအကြိမ် စစ်သင်တန်း ခေါ်ယူ
DVB
·
March 24, 2025
တွံတေး ပကဖ က စတုတ္ထအကြိမ် စစ်သင်တန်း ခေါ်ယူ
Donate to DVB

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို တွံတေးပကဖက စစ်သင်တန်း တက်ရောက်ဖို့ မတ် ၂၃ ရက်က စတုတ္ထအကြိမ်  ခေါ်ယူနေတယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

အပတ်စဉ် ၃ သင်တန်းပြီးဆုံးပြီးနောက် အပတ်စဉ် ၄ စစ်သင်တန်းအတွက် လူငယ်တွေကို ခေါ်ယူနေတာလို့ ဆိုပါတယ်။

တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တွံတေးက “မတရားမှုက မိမိအိမ်တံခါးကို‌ ခေါက်လာတဲ့အခါ တော်လှန်တိုက်ပွဲဝင်တာမှတပါး ရွေးစရာမရှိပါဘူး။ အကြမ်းဖက်မှု၊ မတရားမှုတွေ ဆိတ်သုဉ်းဖို့ဆိုတာ တဦးတယောက်တည်း တိုက်ပွဲဝင်နေရုံနဲ့ မရပါဘူး။ အတူတကွ ပြည်သူတွေပါ ပူးပေါင်းတော်လှန်မှ တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့ ခေတ်သစ်ဆီ ရောက်နိုင်မယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့အတွင်း စည်းကမ်းတွေနဲ့အညီ တပ်သားသစ် ဝင်ရောက်ပြီး တော်လှန်နိုင်သူက တော်လှန်ခြင်းဖြင့် ဖြစ်စေ၊ ထောက်ပို့နိုင်သူက ထောက်ပို့ခြင်းဖြင့် ဖြစ်စေ‌ အတူတကွ ခရီးဆုံးထိ တော်လှန်တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သင်တန်း အပတ်စဉ် ၁ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းအပတ်စဉ် ၂ ကို ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

အလားတူ သင်တန်းအပတ်စဉ် ၃ ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ အပတ်စဉ် ၃ ခုကို သင်တန်းသား ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013