
တောင်ပံတိုက်စစ်မှူး အန်တိုနီဂေါ်ဒွန်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်သွားပါတယ်။
လတ်ဗီးယားနဲ့ ကစားမယ့် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်းမှာ ဂေါ်ဒွန်ကို နေရာပေးဖို့ နည်းပြ သောမက်စ်တူဟယ်က စီစဉ်ထားတာဖြစ်ပေမဲ့ ဒဏ်ရာရခဲ့တာကြောင့် နောက်ထပ်ကစားသမား တယောက်နဲ့ အစားထိုးသွားရတော့မှာပါ။
နည်းပြတူဟယ်ဟာ အယ်လ်ဘေးနီးယားကို အနိုင်ရတဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်နဲ့ ဖိုဒမ်တို့ကို တောင်ပံနှစ်ဖက်မှာ အသုံးပြုခဲ့ပေမဲ့ စွမ်းဆောင်ရည် မကောင်းခဲ့တာကြောင့် လတ်ဗီးယားနဲ့ပွဲစဉ်မှာ အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိတာပါ။
ဂေါ်ဒွန် မပါဝင်နိုင်တော့တာကြောင့် ဘယ်တောင်ပံနေရာအတွက် ဗီလာက ရော်ဂျာ သို့မဟုတ် ဝက်စ်ဟမ်းက ဘိုဝင်ကို နည်းပြတူဟယ်က အသုံးပြုသွားဖို့ ရှိနေပါတယ်။